ကွန် ရှေ့ မှာ အချိန်တွေ အကြာကြီးထိုင်ပြီး ချက် ..အဲ .. အလုပ် လုပ် ရင် ထိုင်တာ ၊ ကွန်ပူတာ ကြီးနဲ့ လက်အနေအထား မှန်အောင်ထားတာ ။ တွေဟာ အရေးကြီးတဲ့  အရာ တွေပါနော် ။ ဒီလိုမှ မဟုတ်ရင်တော့ ဇက်ကျောတက် ။ လက်ကောက်ဝတ်နာ ။ ပခုံးနာ ။ ကျောနာ ။ ခါးနာ ။ တကိုယ်လုံးညောင်းညာကိုက်ခဲ ။မျက်စိတွေ ပြာ ပြီး ကိုက်တာ ။ စသဖြင့် ခံစားရတတ်တယ် ။( ခုတောင် နာနေ ၊ ကိုက်နေ ၊ ပြာနေ ပြီ မဟုတ်လား ...)
ဒီတော့ ဒီကွန် ကြီးရှေ့ မှာ သက်တောင့် သက်သာ ထိုင်ဖို့  နည်းလမ်းလေးများ ပြောပြပေးမယ် ။ မသိသေးတဲ့သူများ အတွက် ရည်ရွယ်ပါတယ် ။ သိပြီးသား သူများ ဆက်မဖတ် ချင်ရင် ကျော်ခွ သွား ကြပါရန် ။

ဒီလို ကျောမှီပါတဲ့ ထိုင်ခုံပေါ်မှာ ကျော နဲ့ တင်ပါး ကို ၁၀၀ မှ ၁၁၀ ဒီဂရီ ထောင့်ကျ အောင် နောက်မှီ ထိုင်ပါ ။ ပုခုံး နှစ်ဖက်ကို အတတ်နိုင်ဆုံး လျှော့ထားပြီး လက်နှစ်ဖက်ကို လက်တန်းပေါ်မှာ အလိုက်သင့် တင်ပါ ။ ခါးအောက် နောက်ဖက် မှာ ခေါင်းအုံး သေးသေးလေး ခုထားပေးရင် ပို အဆင်ပြေ တာပေါ့ ။

ဒီလို လူနဲ့ ကြွက်နဲ့ ၊ကွန်ပူတာကြီးနဲ့  သုံးနေကျ ပစ္စည်း နဲ့ အဝေးကြီး မထိုင်ရဘူးနော် ။ လက်ကားယားကြီးနဲ့  ကြာရင် ညောင်းမှာပေါ့။
ဒီလို လေး လူနဲ့ စားပွဲနဲ့ နီးအောင်ထိုင် ။ ပြီးတော့ ကွန်ပူတာ ကြီးက လူ ရဲ့ အလယ် ရှေ့ တည့် တည့် မှာ ရှိ နေရမယ် ။
ဒါကတော့ ကီးဘုတ် ပေါ်မှာ လက်တင် ရမဲ့ အနေအထား ။ သူလည်းတူတူပဲ။ အလယ်မှာနေရမယ် ။
ကီးဘုတ် နဲ့  လက်ကောက်ဝတ်တို့  နေသင့် တဲ့  အနေအထား လေးပါ ။ လက်ညောင်းသက်သာအောင် လက်ကောက်ဝတ်အောက်မှာ wrist pad အတုံး ပျော့ လေးတွေ ခံ ပြီးသုံးရင် ပို ကောင်း တာပေါ့ ။
တံတောင်ဆစ်ရယ် ၊ လက်ကောက်ဝတ်ရယ် နေရမဲ့ ပုံစံ ။ ပြီးတော့ ကိုယ်ခန္ဓာ နဲ့  ဒီလို ၁၀၀ ဒီဂရီ ထောင့် လောက်ဆိုရင် ထိုင်ရတာ လည်းသက်သာတယ် ။
ပြီးတော့ မျက်စိရဲ့ အနိမ့်  အမြင့် က ကွန်ပူတာ စကရင် ရဲ့  အပေါ်ဆုံး နဲ့ ရေမျက်နှာပြင် တတန်းတည်း ရှိသင့် ပါတယ်။
မျက်မှန် သမား ဆိုရင်တော့  မျက်စိ က နဲ နဲ ပို မြင့် ( ဆိုလိုတာ က စကရင် ကို အောက်ဖက် နဲနဲ နှိမ့် ) ထားပေးသင့်တယ်တဲ့ ။ ဒါ မှ မျက်စိ က သိပ်ပြီး အားမစိုက် ရအောင် ပါ တဲ့
ဒီလို ခေါင်း လေးပါ နောက်မှီ လို့ ရတဲ့ ခုံ ဆို ရင် ပိုကောင်းတာပေါ့ ။
ခြေထောက်ကိုပါ တင်ထား ( ဟိဟိ ခြေတော် တင်ခြင်း တမျိုး ပေါ့ )။
ဘလောဂင်း ၊ ချက်တင် လုပ်တာ ဇိမ် ပါဘဲ ။
ရေးမဲ့  မှတ်မဲ့  စာရွက်စာတမ်း တွေလည်း ဒီလို ရှေ့  အလည် မှာထား သင့် တယ် ။
ဘေးမှာထားရင် လှမ်းကြည့် တာ ကြာရင် ကြက်ကြီး လည်လိမ် ဖြစ်မစိုး လို့ ပါ။
နောက်အရေးကြီးတဲ့ အချက်တွေ ကတော့ ကွန် ပူတာကြီး ကို အကြာကြီးဆက်တိုက် မကြည့်သင့်ပါဘူး ။ အလွန်ဆုံး ၂၀ - ၃၀ မိနစ်လောက် ကြည့် ပြီးတိုင်း မျက်စိကို အနားပေးသင့် ပါတယ် ။ ဘယ်လို နားရမလည်း သိလား ။
မျက်စိကို အဝေးတနေရာ ပြောင်းကြည့် ပါ ။ ၅ -၁၀ မိနစ်လောက်ပေါ့ ။ ရုံးခန်းထဲ မှာဆို ပို အဆင်ပြေ ပါတယ် ။ ကိုယ် ကြည့် ချင်တဲ့  ချောချော လှလှလေးတွေ ကို လှမ်း လှမ်းကြည့် ပေါ့ ။ ခေါ်တော ကြည့် နဲ့ ကြည့် မိရင်တော့ နောက်ဆက်တွဲ ပြသနာ ကိုယ့်ဟာကိုယ်ကြည့် ရှင်းကြ နော်။
လှတ ပတ ကြည့် စရာ မရှိတဲ့  ကံဆိုးသူ များကတော့ မျက်စိသာ မှိတ်ပြီး အနားယူ လိုက်ပါ ။ ဟိဟိ
ဒီထက်အရေးကြီးတာ ...
ဘလောဂါ ဦးဦး ကိုကို မောင်ငယ်များ ။ အိမ်ထောင်မကျ သေးသူ အမျိုးသားများ အားလုံး သေချာမှတ်ရန်။
လက်တော့ လေးနဲ့  ဘလောဂင်း ချက်တင် လုပ်ရင် သတိထား နော် ။
လက်တော့ လေးကို အလွယ်တကူဆိုပြီး ပေါင်ပေါ် အကြာကြီး တင်မိရင်တော့ လူလုံးမလှ မဲ့ ဒုက္ခ နဲ့ လှလှ တွေ့ နိုင်ပါတယ် ။
ဘာလို့ ဆိုတော့ အချိန်ကြာလာတာနဲ့ အမျှ လက်တော့ မှ ထွက်တဲ့ အပူချိန်ကြောင့် ကပ္ပါယ် အိပ် ကို ပါ အပူ ချိန်တက်စေပါသတဲ့  ။
ဘယ်ဖက်ကကပ္ပါယ်အိပ်မှာ အပူချိန်၂.၆ နဲ့ ညာဖက် မှာ က ၂.၈ ဒီဂရီစင်တီဂရိတ် လောက် တက်သွားတယ် ဆိုပဲလေ ။
အဲဒီတော့ ကပ္ပါယ်အိပ်ထဲမှ ဝှေးစိ ရဲ့  အပူချိန်ပြောင်းလဲ မှုက ၁ မှ ၂.၉ ဒီဂရီ လောက်ရှိရင် သူ့ ရဲ့ မျိုးစေ့ သုတ်ပိုး ဖြစ်ပေါ်မှု ကို ထိခိုက်စေပြီး အမြုံ ဘဝ(သားသမီးမရနိုင်တဲ့အခြေအနေ) ရောက်နိုင်ကြောင်းပါ ။
(The findings are reported in Europe's leading reproductive medicine journal Human Reproduction. They show that using an NC on the lap increased the left scrotal temperature by a median 2.6°C and the right by a median 2.8°C. Several previous studies have shown that increases in testicular or scrotal temperatures of between 1°C and 2.9°C are associated with a sustained and considerable negative effect on spermatogenesis and fertility.)
ဒီအောက်မှာတော့ ကွန်ပူတာကြီးရှေ့ အကြာကြီး ထိုင်နေရသူများ အညောင်းအညာပြေ လေ့ကျင့် ခန်းလေးကို ထိုင်ရာမထ လုပ်ပုံ လုပ်နည်းလေးပါ ။
No comments:
Post a Comment