Thursday, August 6, 2009

သမ္မာကျမ်းစာ Holy Bible,

ကမ္ဘာဦးကျမ်း။Genesis၁၆
၁အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူ ဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ်၍၊ ၂စာရဲက၊ အကျွန်ုပ်အားသားဘွားရသောအခွင့်ကို ထာဝရဘုရားပေး တော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည်တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအားပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကိုနားထောင်လေ၏။ ၃ထိုသို့ အာဗြံသည် ခါနာန်ပြည်၌ ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏ မယားစာရဲသည် မိမိကျွန်အဲဂုတ္တုပြည်သူ ဟာဂရကိုယူ၍၊ မိမိခင်ပွန်း အာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ၏။ ၄အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိသန္ဓြေွစွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓြေွစွဲနေကြောင်းကို သိလျှင်၊ မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။ ၅စာရဲကလည်း အကျွန်ုပ်ခံရသော အပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌တည်ရှိပါစေ။ အကျွန်ုပ်၏ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည်ကိုယ်၌ ပဋိသန္ဓြေွစွဲနေကြောင်းကို သိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါ စေသောဟု၊ အာဗြံအားဆိုလေ၏။ ၆အာဗြံကလည်း၊ သင်၏ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ပြုချင်သမျှ ပြုပါစေလော့ဟု စာရဲအားပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကို ညဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှ ထွက်ပြေး လေ၏။
၇ထာဝရဘုရား၏ ကောင်းကင်တမန်သည် ရှုရိမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်းနားမှာ ဟာဂရကို တွေ့လျှင်၊ ၈စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့သွားမည်နည်းဟု မေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှ ပြေးလာပါသည်ဟု ဆိုလေ၏။ ၉ထာဝရဘုရား၏ ကောင်းကင် တမန်ကလည်း၊ သင်၏ သခင်မထံသို့ပြန်၍၊ သူ၏အုပ်စိုးခြင်းကို ခံလော့ဟုမိန့်တော်ရှိ၏။ ၁ဝတဖန်ထာဝရ ဘုရား၏ ကောင်းကင်တမန်က၊ သင်၏အမျိုးအနွှယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန်များပြားစေမည် ဟူ၍၄င်း၊ ၁၁သင်သည်ကိုယ်ဝန်ဆောင်သည် ဖြစ်၍၊ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလအမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည်သင်၏ဆင်းရဲဒုက္ခကို ကြားသိတော် မူပြီ။ ၁၂သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကို အပေါင်းတို့၏ အပါး၌ နေရလိမ့်မည်ဟူ၍၄င်း မြွက်ဆိုလေ၏။ ၁၃ထိုသို့မိန့်မြွက်တော် မူသော ထာဝရဘုရားကို၊ အာတောဧလရောဟူသော အမည်ဖြင့် ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည် တကားဟု ဟာဂရဆိုလေ၏။ ၁၄ထိုအကြောင်းကို အစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟု သမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏ စပ်ကြားမှာ ရှိသတည်း။
Genesis 16
Hagar and Ishmael 1 Now Sarai, Abram's wife, had borne him no children. But she had an Egyptian maidservant named Hagar; 2 so she said to Abram, "The LORD has kept me from having children. Go, sleep with my maidservant; perhaps I can build a family through her." Abram agreed to what Sarai said. 3 So after Abram had been living in Canaan ten years, Sarai his wife took her Egyptian maidservant Hagar and gave her to her husband to be his wife. 4 He slept with Hagar, and she conceived. When she knew she was pregnant, she began to despise her mistress. 5 Then Sarai said to Abram, "You are responsible for the wrong I am suffering. I put my servant in your arms, and now that she knows she is pregnant, she despises me. May the LORD judge between you and me."
6 "Your servant is in your hands," Abram said. "Do with her whatever you think best." Then Sarai mistreated Hagar; so she fled from her.
7 The angel of the LORD found Hagar near a spring in the desert; it was the spring that is beside the road to Shur. 8 And he said, "Hagar, servant of Sarai, where have you come from, and where are you going?" "I'm running away from my mistress Sarai," she answered.
9 Then the angel of the LORD told her, "Go back to your mistress and submit to her." 10 The angel added, "I will so increase your descendants that they will be too numerous to count."
11 The angel of the LORD also said to her: "You are now with child and you will have a son. You shall name him Ishmael, [a] for the LORD has heard of your misery.
12 He will be a wild donkey of a man; his hand will be against everyone and everyone's hand against him, and he will live in hostility toward [b] all his brothers."
13 She gave this name to the LORD who spoke to her: "You are the God who sees me," for she said, "I have now seen [c] the One who sees me." 14 That is why the well was called Beer Lahai Roi [d] ; it is still there, between Kadesh and Bered.
15 So Hagar bore Abram a son, and Abram gave the name Ishmael to the son she had borne. 16 Abram was eighty-six years old when Hagar bore him Ishmael.

သမ္မာကျမ်းစာ Holy Bible,

ကမ္ဘာဦးကျမ်း။Genesis၁၅
၁ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်း အာဗြံ၊ မစိုးရိမ်နှင့်။ ငါသည်သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊ ၂အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲ သွားရပါ၏။ ဤဒမာသက် မြို့သားဧလျာဇာသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။ ၃တဖန်အာဗြံက အကျွန်ုပ်အားအမျိုးအနွှယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏အိမ်၌ ဘွားသောသူသည်၊ အကျွန်ုပ်၏ အမွေခံဖြစ်ရပါသည် တကားဟုလျှောက်ဆို၏။ ၄တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံမဖြစ်ရ။ သင်၏ကိုယ်ထဲက ထွက်သော သူသည် သင်၏အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊ ၅အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွှယ် သည် ထိုသို့ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ၆အာဗြံသည်ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏။
၇တဖန်၊ ငါသည်ဤပြည်ကို သင်းအမွေခံစရာဘို့၊ သင်အားပေးလိုသောငှါ၊ ခါလဒဲပြည်သား တို့နေသော ဥရမြို့မှ သင့်ကိုထုတ်ဆောင်သော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူလျှင်၊ ၈အရှင်ထာဝရ ဘုရား၊ ဤပြည်ကို အကျွန်ုပ်အမွေခံရမည်ကို အဘယ်သို့ သိရပါအံ့နည်းဟု မေးလျှောက်လေ၏။ ၉ထာဝရဘုရားကလည်း၊ သုံးနှစ်အသက် ရှိသောနွားမတကောင်၊ သုံးနှစ်အသက်ရှိသာ ဆိတ်မတကောင်၊ သုံးနှစ်အသက်ရှိသော သိုးထီးတကောင်၊ ချိုးတကောင်၊ ခိုသငယ်တကောင်တို့ကို ငါဘို့ယူလော့ဟုမိန့်တော် မူသည်အတိုင်း၊ ၁ဝထိုတိရစ္ဆာန်အပေါင်းတို့ ကိုယူ၍၊ တကောင်တကောင်ကိုထက်ဝက်စီ ခွဲပြီးလျှင်၊ ခွဲသော အသေားတို့ကို တဘက်တချက်၌ ထားလေ၏။ ငှက်ကောင်တို့ကို မခွဲ။ ၁၁ငှက်ရဲတို့သည် အသေကောင်တို့ အပေါ်သို့ဆင်းလာသောအခါ၊ အာဗြံသည်နှင်လေ၏။ ၁၂နေဝင်သောအခါ၊ အာဗြံသည်ကြီးသော အိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့် တွေ့၍၊ ထိတ်လန့်ခြင်း သို့ရောက်လေ၏။ ၁၃ထာဝရဘုရားကလည်း၊ သင်၏အမျိုးအနွှယ်သည်၊ သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြ သဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ခြင်း ည‡ဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ် လော့။ ၁၄သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက် ကြလိမ့်မည်။ ၁၅သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်။ ၁၆လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ပြန်လာကြလိမ့်မည်။ အာမောရိအမျိုးသားတို့၏ ဒုစရိုက် အပြစ်သည် မစုံလင်သေးဟု အာဗြံအားမိန့်တော်မူ၏။
၁၇တဖန် နေဝင်၍ မိုက်သောအခါ၊ ခွဲထားသောအသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်း လင်းသော မီးခွက်သည် ထင်းရှားစွာရှောက်သွားလေ၏။ ၁၈ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့် ပဋိညာဉ် ပြုတော်မူလျက်၊ အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ် တိုင်အောင်၊ ဤပြည်ကို၎င်း၊ ၁၉ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊ ၂ဝဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကို၎င်း၊ ၂၁သင်၏ အမျိုးအနွှယ်အား ငါအပ်ပေးပြီဟု မိန့်တော်မူ၏။
Genesis 15
God's Covenant With Abram 1 After this, the word of the LORD came to Abram in a vision: "Do not be afraid, Abram. I am your shield, [a] your very great reward. [b] "
2 But Abram said, "O Sovereign LORD, what can you give me since I remain childless and the one who will inherit [c] my estate is Eliezer of Damascus?" 3 And Abram said, "You have given me no children; so a servant in my household will be my heir."
4 Then the word of the LORD came to him: "This man will not be your heir, but a son coming from your own body will be your heir." 5 He took him outside and said, "Look up at the heavens and count the stars—if indeed you can count them." Then he said to him, "So shall your offspring be."
6 Abram believed the LORD, and he credited it to him as righteousness.
7 He also said to him, "I am the LORD, who brought you out of Ur of the Chaldeans to give you this land to take possession of it."
8 But Abram said, "O Sovereign LORD, how can I know that I will gain possession of it?"
9 So the LORD said to him, "Bring me a heifer, a goat and a ram, each three years old, along with a dove and a young pigeon."
10 Abram brought all these to him, cut them in two and arranged the halves opposite each other; the birds, however, he did not cut in half. 11 Then birds of prey came down on the carcasses, but Abram drove them away.
12 As the sun was setting, Abram fell into a deep sleep, and a thick and dreadful darkness came over him. 13 Then the LORD said to him, "Know for certain that your descendants will be strangers in a country not their own, and they will be enslaved and mistreated four hundred years. 14 But I will punish the nation they serve as slaves, and afterward they will come out with great possessions. 15 You, however, will go to your fathers in peace and be buried at a good old age. 16 In the fourth generation your descendants will come back here, for the sin of the Amorites has not yet reached its full measure."
17 When the sun had set and darkness had fallen, a smoking firepot with a blazing torch appeared and passed between the pieces. 18 On that day the LORD made a covenant with Abram and said, "To your descendants I give this land, from the river [d] of Egypt to the great river, the Euphrates- 19 the land of the Kenites, Kenizzites, Kadmonites, 20 Hittites, Perizzites, Rephaites, 21 Amorites, Canaanites, Girgashites and Jebusites."

သမ္မာကျမ်းစာ Holy Bible,

ကမ္ဘာဦးကျမ်း။Genesis၁၄
၁ထိုရောအခါ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီး အာရုတ်၊ ဧလံမင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီး တိဒလတို့သည်၊ ၂သောဒုံမင်းကြီး ဗေရ၊ ဂေါမောရမင်းကြီး ဗိရရှ၊ အာဓမာမင်းကြီး ရှိနပ်၊ ဇေဘိုင် မင်းကြီး ရှေမဘာ၊ ဗေလာမင်းကြီးတို့နှင့် စစ်တိုက်ကြ၏။ ဗေလပြည်ကား၊ ဇောရအမည်လည်း ရှိသတည်း။ ၃ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သော စိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။ ၄တဆယ် နှစ်နှစ်ပတ်လုံး ခေဒေါရလောမာမင်းကြီးထံ ကျွန်ခံပြီးလျှင်၊ တဆယ်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ၏။ ၅တဆယ်လေးနှစ်မြောက် လျှင်၊ ခေဒေါရလောမာမင်းသည်၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့် တကွလာ၍၊ အာရှတရုတ်ကာနိမ့်မြို့၌၊ ရေဖိမ် လူများကို၎င်း၊ ဟာမမြို့၌ ဇူဇိမ်လူများကို၎င်း၊ ကိရယသိမ်ချိုင့်၌ ဧမိမ်လူများကို၎င်း၊ ၆စိရတောင်ပေါ်မှာ ဟောရိလူများ ကို၎င်း လုပ်ကြံ၍၊ တောနားမှာ ရှိသောဧလပါရန်မြို့ တိုင်အောင် လိုက်ကြ၏။ ၇တဖန်ပြန်လာ၍၊ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ရောက်ပြီးလျှင်၊ အာမလက်ပြည် ရှိသမျှကို၎င်း၊ ဟာဇဇုန္တာမာမြို့၌ နေသောအာမောရိလူများကို၎င်း လုပ်ကြံကြ၏။ ၈ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီး၊ အာဓမာမင်းကြီး၊ ဇေဘိုင်မင်းကြီး၊ ဇောရတည်းဟူသော ဗေလာမင်းကြီး တို့သည် ချီထွက်၍၊ စိဒ္ဒိမ်ချိုင့်၌ စစ်ပြိုင်ကြ၏။ ၉ထိုသို့ ဧလံမင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီး တိဒလ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီး အာရုတ်တည်းဟူသော၊ မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါတို့ သည်စစ်ပြိုင်ကြ၏။ ၁ဝစိဒ္ဒိမ်ချိုင့်၌ ရေညိ‡အကျိအချွဲနှင့် ပြည့်သောတွင်းများရှိ၏။ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့ သည်ပြေး၍ ထိုတွင်းများ၌ ကျသေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။ ၁၁အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသော ဥစ္စာနှင့် မြို့ရိက္ခာရှိသမျှတို့ကိုယူ၍ သွားကြ၏။ ၁၂သောဒုံမြို့၌ နေသော အာဗြံအစ်ကိုသား လောတနှင့် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
၁၃ထိုဘေးမှလွတ်၍ ပြေးသောသူတယောက်သည်၊ ဟေဗြဲလူအာဗြံနှင့် မိဿဟာယဖွဲ့သောသူ၊ ဧရှကောလ နှင့်အာနေရ၏ အစ်ကိုအာမောရိလူမံရေ၏ သပိတ်တောနားမှာ နေသော အာဗြံထံသို့ရောက်၍၊ သိတင်းကြားပြော လေ၏။ ၁၄အာဗြံသည် မိမိအစ်ကိုသားကိုဘမ်းသွားကြောင်းကို ကြားလျှင်၊ မိမိအိမ်၌ ဘွား၍သွန်သင်သော လူသုံးရာ တဆယ်ရှစ်ယောက်တို့ကို စီရင်၍၊ ဒန်မြို့တိုင်အောင် လိုက်လေ၏။ ၁၅ညဥ့်အခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့ တိုင်အောင် လိုက်ပြန်လေ၏။ ၁၆ရန်သူတို့ သိမ်းသွားသော ဥစ္စာရှိသမျှကို၎င်း၊ မိမိအစ်ကိုသား လောတနှင့် သူ၏ဥစ္စာကို၎င်း၊ မိန်းမများနှင့် လူများကို၎င်း၊ တဖန်ဆောင်ယူခဲ့လေ၏။
၁၇ခေဒေါရလောမာနှင့်၊ သူ့ဘက်ကနေသောမင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊ သောဒုံ မင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှါ ရှာဝေချိုင့်တည်းဟူသော မင်းကြီးချိုင့်သို့ထွက်သွား၏။ ၁၈အမြင့်ဆုံး သော ဘုရားသခင် ၏ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊ ၁၉ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံအား ကောင်းကြီးပေးတော်မူပါစေသောဟု၊ အာဗြံအားကောင်းကြီးပေး၍၊ ၂ဝသင်၏ရန်သူတို့ကို သင်၏လက်၌ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်လည်း၊ မင်္ဂလာရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအားဆယ်ဘို့တဘို့ လှူလေ၏။
၂၁သောဒုံမင်းကြီးကလည်း၊ လူတို့ကိုကျွန်ုပ်အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံ အား ပြောလိုလျှင်၊ ၂၂-၂၄အာဗြံက၊ မင်းကြီးသည် အာဗြံကိုငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီးသောအရာကို၎င်း၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်းထား၍၊ မင်းကြီး၏ ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ၊ ခြေနင်းကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရား ရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကို ချီ၍ အဓိဋ္ဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။
Genesis 14
Abram Rescues Lot 1 At this time Amraphel king of Shinar, [a] Arioch king of Ellasar, Kedorlaomer king of Elam and Tidal king of Goiim 2 went to war against Bera king of Sodom, Birsha king of Gomorrah, Shinab king of Admah, Shemeber king of Zeboiim, and the king of Bela (that is, Zoar). 3 All these latter kings joined forces in the Valley of Siddim (the Salt Sea [b] ). 4 For twelve years they had been subject to Kedorlaomer, but in the thirteenth year they rebelled.
5 In the fourteenth year, Kedorlaomer and the kings allied with him went out and defeated the Rephaites in Ashteroth Karnaim, the Zuzites in Ham, the Emites in Shaveh Kiriathaim 6 and the Horites in the hill country of Seir, as far as El Paran near the desert. 7 Then they turned back and went to En Mishpat (that is, Kadesh), and they conquered the whole territory of the Amalekites, as well as the Amorites who were living in Hazazon Tamar.
8 Then the king of Sodom, the king of Gomorrah, the king of Admah, the king of Zeboiim and the king of Bela (that is, Zoar) marched out and drew up their battle lines in the Valley of Siddim 9 against Kedorlaomer king of Elam, Tidal king of Goiim, Amraphel king of Shinar and Arioch king of Ellasar—four kings against five. 10 Now the Valley of Siddim was full of tar pits, and when the kings of Sodom and Gomorrah fled, some of the men fell into them and the rest fled to the hills. 11 The four kings seized all the goods of Sodom and Gomorrah and all their food; then they went away. 12 They also carried off Abram's nephew Lot and his possessions, since he was living in Sodom.
13 One who had escaped came and reported this to Abram the Hebrew. Now Abram was living near the great trees of Mamre the Amorite, a brother [c] of Eshcol and Aner, all of whom were allied with Abram. 14 When Abram heard that his relative had been taken captive, he called out the 318 trained men born in his household and went in pursuit as far as Dan. 15 During the night Abram divided his men to attack them and he routed them, pursuing them as far as Hobah, north of Damascus. 16 He recovered all the goods and brought back his relative Lot and his possessions, together with the women and the other people.
17 After Abram returned from defeating Kedorlaomer and the kings allied with him, the king of Sodom came out to meet him in the Valley of Shaveh (that is, the King's Valley).
18 Then Melchizedek king of Salem [d] brought out bread and wine. He was priest of God Most High, 19 and he blessed Abram, saying, "Blessed be Abram by God Most High, Creator [e] of heaven and earth.
20 And blessed be [f] God Most High, who delivered your enemies into your hand." Then Abram gave him a tenth of everything.
21 The king of Sodom said to Abram, "Give me the people and keep the goods for yourself."
22 But Abram said to the king of Sodom, "I have raised my hand to the LORD, God Most High, Creator of heaven and earth, and have taken an oath 23 that I will accept nothing belonging to you, not even a thread or the thong of a sandal, so that you will never be able to say, 'I made Abram rich.' 24 I will accept nothing but what my men have eaten and the share that belongs to the men who went with me—to Aner, Eshcol and Mamre. Let them have their share."

သမ္မာကျမ်းစာ Holy Bible,

ကမ္ဘာဦးကျမ်း။Genesis၁၃
၁အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့်တကွ မိမိတို့၌ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။ ၂ထိုအခါ အာဗြံသည် သိုး၊ နွား စသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း၊ အလွန်ရတတ်၏။ ၃တဖန် တောင်ပိုင်းမှ ခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့ စပ်ကြား၌၊ အထက်ကတဲကိုဆောင်၍၊ ၄ယဇ်ပလ္လင်ကို တည်ခဲ့ဘူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။ ၅အာဗြဟံနှင့် လိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊ ၆ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေမဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည် တရပ်တည်း မနေနိုင်ကြ။ ၇အာဗြံနွားကျောင်းသား၊ လောတ၏ နွားကျောင်းသား တို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌နေကြသတည်း။ ၈အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကို ချင်းဖြစ်လျက်၊ ငါနှင့်သင်၌၄င်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌၄င်း၊ ခိုက်ရန်မရှိပါစေနှင့်။ ၉မြေတပြင်လုံးသည် သင့်ရှေ့မှာ ရှိသည်မဟုတ်လော။ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့သွားလျှင်၊ ငါသည် လက်ျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့သွားမည် ဟု ဆို၏။ ၁ဝထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်းကျင် အရပ်ရပ်၌ နေများ၍၊ ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း၊ အဲဂုတ္တု ပြည်ကဲ့သို့၎င်း ဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊ ၁၁ယော်ဒန်ချိုင့် တရှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ ပြောင်းသွားသဖြင့်၊ အချင်းချင်း တဦးနှင့်တဦး ကွဲပြားကြ၏။ ၁၂အာဗြံသည် ခါနာန်ပြည်၌ နေလေ၏။ လောတမူကား၊ မြစ်ပတ်ဝန်းကျင် မြို့တို့တွင်နေ၍၊ သောဒုံမြို့နားမှာ တဲကိုဆောက်လေ၏။ ၁၃သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
၁၄လောတသည် အာဗြံနှင့် ခွါ၍သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက် သို့မြော်ကြည့်လော့။ ၁၅သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့် သင်၏အမျိုးအနွယ်အား၊ ငါသည် ကာလအစဉ်အမြဲပေးမည်။ ၁၆သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူသည် မြေမှုန်ကို ရေတွက်နိုင်လျှင်၊ သင်၏အမျိုးအနွယ်ကို ရေတွက်နိုင်ကြ လိမ့်မည်။ ၁၇သင်ထ၍ မြေကိုအလျားအားဖြင့်၎င်း၊ အနံအားဖြင့်၎င်း ရှောက်သွားလော့။ သင်အားငါပေး မည်ဟု မိန့်တော်မူ၏။ ၁၈တဖန် အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ ရောက်မှ နေရာကျ၍၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လေ၏။
Genesis 13
Abram and Lot Separate 1 So Abram went up from Egypt to the Negev, with his wife and everything he had, and Lot went with him. 2 Abram had become very wealthy in livestock and in silver and gold.
3 From the Negev he went from place to place until he came to Bethel, to the place between Bethel and Ai where his tent had been earlier 4 and where he had first built an altar. There Abram called on the name of the LORD.
5 Now Lot, who was moving about with Abram, also had flocks and herds and tents. 6 But the land could not support them while they stayed together, for their possessions were so great that they were not able to stay together. 7 And quarreling arose between Abram's herdsmen and the herdsmen of Lot. The Canaanites and Perizzites were also living in the land at that time.
8 So Abram said to Lot, "Let's not have any quarreling between you and me, or between your herdsmen and mine, for we are brothers. 9 Is not the whole land before you? Let's part company. If you go to the left, I'll go to the right; if you go to the right, I'll go to the left."
10 Lot looked up and saw that the whole plain of the Jordan was well watered, like the garden of the LORD, like the land of Egypt, toward Zoar. (This was before the LORD destroyed Sodom and Gomorrah.) 11 So Lot chose for himself the whole plain of the Jordan and set out toward the east. The two men parted company: 12 Abram lived in the land of Canaan, while Lot lived among the cities of the plain and pitched his tents near Sodom. 13 Now the men of Sodom were wicked and were sinning greatly against the LORD.
14 The LORD said to Abram after Lot had parted from him, "Lift up your eyes from where you are and look north and south, east and west. 15 All the land that you see I will give to you and your offspring [a] forever. 16 I will make your offspring like the dust of the earth, so that if anyone could count the dust, then your offspring could be counted. 17 Go, walk through the length and breadth of the land, for I am giving it to you."
18 So Abram moved his tents and went to live near the great trees of Mamre at Hebron, where he built an altar to the LORD.

သမ္မာကျမ်းစာ Holy Bible,

ကမ္ဘာဦးကျမ်း။Genesis၁၂
၁ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါင်းဘော် များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွားလော့။ ၂ငါသည်သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကိုကြီးမြတ်စေမည်။ သင်သည်ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်။ ၃သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသော သူကိုငါကျိန်ဆဲမည်။ သင်အားဖြင့် လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ၄ထိုသို့ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှ ထွက်သွား သောအခါ၊ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။ ၅အာဗြံသည် မယားစာရဲ၊ အစ်ကိုသား လောတနှင့် ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌ရသော လူတို့ကို၎င်း ယူပြီးလျှင်၊ ခါနာန်ပြည် သို့ရောက်ခြင်းငှါ ထွက်သွား ၍၊ ထိုပြည်သို့ရောက်ကြ၏။
၆အာဗြံသည် ထိုပြည်ကိုရှောက်သွား၍ ရှိခင်အရပ်၊ မောရေသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန် အမျိုးသားတို့သည် ထိုပြည်၌ရှိကြ၏။ ၇ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကိုသင်၏ အမျိုးအနွှယ် အားငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရားဘို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကိုတည်လေ၏။
၈ထိုအရပ်မှ သွားပြန်၍၊ ဗေသလမြို့ အရှေ့၌ရှိသော တောင်သို့ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားဘို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။ ၉အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ ရောက်လေ၏။
၁ဝထိုနောက်၊ ခါနာန်ပြည်၌အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံ သည် အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါ သွားလေ၏။ ၁၁အဲဂုတ္တုပြည်နှင့် နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှ သောမိန်းမဖြစ်သည်ကို ငါသိ၏။ ၁၂အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟု ဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကိုအသက်ချမ်းသာပေးလိမ့်မည်။ ၁၃သို့ဖြစ်၍ သင်သည်ငါ့နှမဖြစ်ကြောင်းကို ပြောပါလော့။ သို့ပြောလျှင်၊ သင့်အတွက် ငါကောင်းစားလိမ့်မည်။ သင်၏ ကျေးဇူးအားဖြင့်၊ ငါအသက်ချမ်းသာရလိမ့်မည်ဟုဆို၏။
၁၄အာဗြံသည် အဲဂုတ္တုပြည်သို့ ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူ တို့သည် မြင်ကြ၏။ ၁၅ဖါရောဘုရင်၏ မှူးတော်မတ်တော်တို့လည်းမြင်၍၊ ရှေ့တော်၌ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်း ရကြ၏။ ၁၆ဖါရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်များနှင့် ကြွယ်ဝ၏။ ၁၇ထာဝရဘုရားသည်၊ အာဗြံ၏ မယားစာရဲအတွက် ကြောင့်၊ ဖါရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသောဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။ ၁၈ဖါရောဘုရင်သည်လည်း အာဗြံကိုခေါ်၍၊ သင်သည် ငါ၌ပြုသောအမှုကား အဘယ်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်းကို၊ ငါအား အဘယ်ကြောင့်မပြောသနည်း။ ၁၉ငါသည် သူ့ကို သိမ်းပိုက်စေခြင်းငှါ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆို သနည်း။ သင်၏မယားကို ယခုယူ၍ သွားလော့ဟု အမိန့်ရှိ၏။ ၂ဝထိုသို့ အာဗြံအမှုကို စီရင်၍၊ မိမိလူတို့အား မှာထားသဖြင့်၊ သူတို့သည် အာဗြံ၌ ရှိသမျှသော ဥစ္စာနှင့်တကွ၊ သမီးမောင်နှံ တို့ကို လွှတ်လိုက်ကြ၏။
Genesis 12
The Call of Abram 1 The LORD had said to Abram, "Leave your country, your people and your father's household and go to the land I will show you.
2 "I will make you into a great nation and I will bless you; I will make your name great, and you will be a blessing.
3 I will bless those who bless you, and whoever curses you I will curse; and all peoples on earth will be blessed through you."
4 So Abram left, as the LORD had told him; and Lot went with him. Abram was seventy-five years old when he set out from Haran. 5 He took his wife Sarai, his nephew Lot, all the possessions they had accumulated and the people they had acquired in Haran, and they set out for the land of Canaan, and they arrived there.
6 Abram traveled through the land as far as the site of the great tree of Moreh at Shechem. At that time the Canaanites were in the land. 7 The LORD appeared to Abram and said, "To your offspring [a] I will give this land." So he built an altar there to the LORD, who had appeared to him.
8 From there he went on toward the hills east of Bethel and pitched his tent, with Bethel on the west and Ai on the east. There he built an altar to the LORD and called on the name of the LORD. 9 Then Abram set out and continued toward the Negev.
Abram in Egypt 10 Now there was a famine in the land, and Abram went down to Egypt to live there for a while because the famine was severe. 11 As he was about to enter Egypt, he said to his wife Sarai, "I know what a beautiful woman you are. 12 When the Egyptians see you, they will say, 'This is his wife.' Then they will kill me but will let you live. 13 Say you are my sister, so that I will be treated well for your sake and my life will be spared because of you."
14 When Abram came to Egypt, the Egyptians saw that she was a very beautiful woman. 15 And when Pharaoh's officials saw her, they praised her to Pharaoh, and she was taken into his palace. 16 He treated Abram well for her sake, and Abram acquired sheep and cattle, male and female donkeys, menservants and maidservants, and camels.
17 But the LORD inflicted serious diseases on Pharaoh and his household because of Abram's wife Sarai. 18 So Pharaoh summoned Abram. "What have you done to me?" he said. "Why didn't you tell me she was your wife? 19 Why did you say, 'She is my sister,' so that I took her to be my wife? Now then, here is your wife. Take her and go!" 20 Then Pharaoh gave orders about Abram to his men, and they sent him on his way, with his wife and everything he had.

သမ္မာကျမ်းစာ Holy Bible,

ကမ္ဘာဦးကျမ်း။Genesis၁၁
၁မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း၊ ၂အရှေ့မျက်နှာမှခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ်ကိုတွေ့၍ နေရာချကြ၏။ ၃သူတို့ကလည်းလာကြ။ အုတ်လုပ်၍ ခိုင်မာစွာဖုတ်ကြကုန်အံ့ဟု၊ တယောက်ကိုတယောက်ပြောကြ၏။ ထိုသို့ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညိ‡တမျိုးကို၎င်း ရပြီးလျှင်၊ ၄လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင် သို့မှီရသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ၊ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။ ၅ထိုသို့ လူသားတို့တည် လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက် တော်မူ၏။ ၆ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတမျိုးတည်း။ စကားတမျိုးတည်းရှိသည် ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ ၇လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည်စေခြင်း ငှါ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ ၈ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ဘဲ နေကြ၏။ ၉သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကို ရှုတ်ထွေး၍၊ သူတို့ကိုမြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသော ကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍ တွင်သတည်း။
၁ဝရှေမ၏ သားစဉ်မြေဆက်ဟူမူကား၊ ရှေမသည် အသက်တရာရှိ၍၊ ရေလွှမ်းမိုးသောနောက် နှစ်နှစ်ကြာသော်၊ သားအာဖာဇဒ်ကိုမြင်လေ၏။ ၁၁အာဖာဇဒ်ဘွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာ အသက်ရှင်၍၊ သားသမီးများ ကိုမြင်လေ၏။ ၁၂အာဖက်ဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလ ကို မြင်လေ၏။ ၁၃ရှာလဘွားမြင်သော နောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံးနှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ ၁၄ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကို မြင်လေ၏။ ၁၅ဟေဗာဘွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာ သုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၁၆ဟေဗာသည် အသက်သုံးဆယ်လေးနှစ်ရှိသော်၊ သားဖာလက်ကို မြင်လေ၏။ ၁၇ဖာလက်ဘွား မြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၁၈ဖက်လက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကိုမြင်လေ၏။ ၁၉ရာဂေါဘွားမြင်သောနောက်၊ ဖာလက်သည်အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို ဘွားမြင်မြင်လေ၏။ ၂ဝရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက် ကိုမြင်လေ၏။ ၂၁စေရောက်ဘွားမြင်သောနောက်၊ ရာဂေါ သည် အနှစ်နှစ်ရာခုနစ်နှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂၂စေရောက်သည် အသက် သုံးဆယ်ရှိသော်၊ သားနာခေါ်ကိုမြင်လေ၏။ ၂၃နာခေါ်ဘွားမြင်သောနောက်၊ စေရောက်သည်အနှစ်နှစ်ရာ အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂၄နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိ သော်၊ သားတေရကိုမြင်လေ၏။ ၂၅တေရဘွားမြင်သောနောက်၊ နာခေါ်သည် အနှစ်တရာတဆယ်ကိုးနှစ် အသက် ရှင်၍၊ သားသမီးများကိုမြင်လေ၏။ ၂၆တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
၂၇တေရ၏သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။ ၂၈ခါရန်သည်လည်း လောတကိုမြင်လေ၏။ ခါရန်သည်၊ အဘတေရမသေမှီ၊ မိမိဘွားရာအရပ်၊ ခါလဒဲပြည်သား တို့နေသောဥရမြို့၌သေ လေ၏။ ၂၉အာဗြံနှင့် နာခေါ်သည် မယားကို ယူ၍၊ အာဗြံ၏မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏ မယားကား၊ ခါရန်၏သမီးမိလခါအမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏ အဘဖြစ်သတည်း။ ၃ဝစာရဲမူကား၊ မြုံသောမိန်းမဖြစ်၍၊ သားသမီးမရှိ။ ၃၁တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏ သားဖြစ်သောမြေးလောတကို၎င်း၊ သားအာဗြံ၏ မယားဖြစ်သော မိမိချွေးမစာရဲကို၎င်းခေါ်၍၊ သူတို့သည်ခါနာန်ပြည်သို့သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှထွက် သဖြင့်၊ ခါရန်မြို့သို့ရောက်၍ နေကြ၏။ ၃၂တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌သေလေ၏။
Genesis 11
The Tower of Babel 1 Now the whole world had one language and a common speech. 2 As men moved eastward, [a] they found a plain in Shinar [b] and settled there.
3 They said to each other, "Come, let's make bricks and bake them thoroughly." They used brick instead of stone, and tar for mortar. 4 Then they said, "Come, let us build ourselves a city, with a tower that reaches to the heavens, so that we may make a name for ourselves and not be scattered over the face of the whole earth."
5 But the LORD came down to see the city and the tower that the men were building. 6 The LORD said, "If as one people speaking the same language they have begun to do this, then nothing they plan to do will be impossible for them. 7 Come, let us go down and confuse their language so they will not understand each other."
8 So the LORD scattered them from there over all the earth, and they stopped building the city. 9 That is why it was called Babel [c] —because there the LORD confused the language of the whole world. From there the LORD scattered them over the face of the whole earth.
From Shem to Abram 10 This is the account of Shem. Two years after the flood, when Shem was 100 years old, he became the father [d] of Arphaxad. 11 And after he became the father of Arphaxad, Shem lived 500 years and had other sons and daughters.
12 When Arphaxad had lived 35 years, he became the father of Shelah. 13 And after he became the father of Shelah, Arphaxad lived 403 years and had other sons and daughters. [e]
14 When Shelah had lived 30 years, he became the father of Eber. 15 And after he became the father of Eber, Shelah lived 403 years and had other sons and daughters.
16 When Eber had lived 34 years, he became the father of Peleg. 17 And after he became the father of Peleg, Eber lived 430 years and had other sons and daughters.
18 When Peleg had lived 30 years, he became the father of Reu. 19 And after he became the father of Reu, Peleg lived 209 years and had other sons and daughters.
20 When Reu had lived 32 years, he became the father of Serug. 21 And after he became the father of Serug, Reu lived 207 years and had other sons and daughters.
22 When Serug had lived 30 years, he became the father of Nahor. 23 And after he became the father of Nahor, Serug lived 200 years and had other sons and daughters.
24 When Nahor had lived 29 years, he became the father of Terah. 25 And after he became the father of Terah, Nahor lived 119 years and had other sons and daughters.
26 After Terah had lived 70 years, he became the father of Abram, Nahor and Haran.
27 This is the account of Terah. Terah became the father of Abram, Nahor and Haran. And Haran became the father of Lot. 28 While his father Terah was still alive, Haran died in Ur of the Chaldeans, in the land of his birth. 29 Abram and Nahor both married. The name of Abram's wife was Sarai, and the name of Nahor's wife was Milcah; she was the daughter of Haran, the father of both Milcah and Iscah. 30 Now Sarai was barren; she had no children.
31 Terah took his son Abram, his grandson Lot son of Haran, and his daughter-in-law Sarai, the wife of his son Abram, and together they set out from Ur of the Chaldeans to go to Canaan. But when they came to Haran, they settled there.
32 Terah lived 205 years, and he died in Haran.

ကမ္ဘာဦးကျမ်း

ကမ္ဘာဦးကျမ်း။Genesis၁ဝ
၁ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေး ဆက်တို့ကို ဆိုပေအံ့။ ၂ယာဖက်၏ သားကား၊ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ်တည်း။ ၃ဂေါမာသားကား၊ အာရှကေနတ်။ ရိဖတ်၊ တော်ဂမတည်း။ ၄ယာဝန်သားကား၊ ဧလိရှာ၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။ ၅ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံမြေနယ်တို့ကို၊ ဘာသာအသီးအသီး၊ အနွှယ်အသီးအသီးရှိသည်အတိုင်း၊ အချင်းချင်းခွဲဝေကြ၏။ ၆ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနာန်တည်း။ ၇ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။ ၈ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်း နိုင်သူဖြစ်၏။ ၉ထာဝရဘုရားရှေ့မှာ အားကြီးသောမုဆိုးဖြစ်၏။ ထိုကြောင့်စကားပုံ၌ကား၊ ဘုရားရှေ့ နိမ်ရောဒ၊ အားကြီးမုဆိုး၊ ပြုလုပ်သည်လိုဟုစပ်ဆိုသတည်း။ ၁ဝသူ၏နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကဒ်မြို့၊ ကာလနေမြို့တည်း။ ၁၁ထိုပြည်မှ အာရှုရိပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်မြို့၊ ကာလမြို့ကို၎င်း၊ ၁၂နိနေဝေမြို့ နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသောမြို့တည်းဟူသော ရေသင်မြို့ကို၎င်း တည်ဆောက်လေ၏။
၁၃မိဇရိမ်သားကား၊ လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာဗိမ်လူ၊ နတ္တုဟိမ်လူ၊ ၁၄ပါသရုသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ်လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ်သတည်း။
၁၅ခါနာန်သား အကြီးကား၊ ဇိဒုန်။ ထိုနောက်ဟေသ။ ၁၆ထိုနောက် ယေဗုသိလူ၊ အာမောရိလူ၊ ဂိရဂါရှိ လူ၊ ၁၇ဟိဝိလူ၊ အာကိလူ၊ သိနိလူ၊ ၁၈အာဝဒိလူ၊ ဇေမရိလူ၊ ဟာမသိလူတည်း။ ထိုနောက်ခါနာန် အမျိုးသားအသီးအသီးတို့ သည် နှံ့ပြားကြလေ၏။ ၁၉ခါနာန်အမျိုးသားနေရာပြည်နယ်သည် ဇိဒုန်မြို့မှ ဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း၊ တဖန်သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ကိုလွန်၍ လာရှမြို့တိုင်အောင်၎င်း ရှိသတည်း။ ၂ဝဤသူတို့သည် သီးခြားသောအမျိုးအနွှယ်၊ သီးခြားသောဘာသာ အလိုက်၊ အပြည်ပြည်အတိုင်းတိုင်း၌ နေသောဟာမသားများ ဖြစ်သတည်း။
၂၁ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏ အဘ၊ ရှေမသည်လည်းသားများကိုမြင်လေ၏။ ၂၂ရှေမသား ကား၊ ဧလံ၊ အာရှုရ၊ အာဖါဇဒ်၊ လုဒ၊ အာရံတည်း။ ၂၃အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။ ၂၄အာဖာဇဒ်သား ရှာလ၊ ရှာလသားဟေဗာတည်း။ ၂၅ဟေဗာသည်လည်း သားနှစ်ယောက်ကိုမြင်လေ၏။ သားတယောက်ကား၊ ဖားလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကိုခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန်အမည်ရှိ၏။ ၂၆ယတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊ ၂၇ဟဒေါရံ၊ ဥဇလ၊ ဒိကလ၊ ၂၈သြဗလအဘိမေလ၊ ရှေဘ၊ ၂၉သြဖိရ၊ ဟဝိလ၊ ယောဗိပ်၊ ဤသူအပေါင်းတို့သည် ယုတ္တန်သားဖြစ်သတည်း။ ၃ဝသူတို့နေရာမူကား၊ မေရှမြို့မှ သည်အရှေ့မျက်နှာ၌ သေဖာတောင်တိုင်အောင် ရှိသတည်း။ ၃၁ဤသူတို့သည် သီးခြားသော အမျိုးအနွှယ်၊ သီးခြား သောအဘာသာအလိုက်၊ အပြည်ပြည် အတိုင်းတိုင်းတို့၌ နေသောရှေ့မသားများဖြစ်သတည်း။
၃၂ဤရွေ့ကားမိမိတို့အမျိုးအနွှယ် အသီးအသီးအလိုက်မှတ်သားသော နောဧသား ဆွေစဉ်မျိုးဆက် စာရင်းပေတည်း။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက်၊ မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည်တို့ကို တည်ထောင်ကြ လေ၏။
Genesis 10
The Table of Nations 1 This is the account of Shem, Ham and Japheth, Noah's sons, who themselves had sons after the flood.
The Japhethites 2 The sons [a] of Japheth: Gomer, Magog, Madai, Javan, Tubal, Meshech and Tiras.
3 The sons of Gomer: Ashkenaz, Riphath and Togarmah.
4 The sons of Javan: Elishah, Tarshish, the Kittim and the Rodanim. [b] 5 (From these the maritime peoples spread out into their territories by their clans within their nations, each with its own language.)
The Hamites 6 The sons of Ham: Cush, Mizraim, [c] Put and Canaan.
7 The sons of Cush: Seba, Havilah, Sabtah, Raamah and Sabteca. The sons of Raamah: Sheba and Dedan.
8 Cush was the father [d] of Nimrod, who grew to be a mighty warrior on the earth. 9 He was a mighty hunter before the LORD; that is why it is said, "Like Nimrod, a mighty hunter before the LORD." 10 The first centers of his kingdom were Babylon, Erech, Akkad and Calneh, in [e] Shinar. [f] 11 From that land he went to Assyria, where he built Nineveh, Rehoboth Ir, [g] Calah 12 and Resen, which is between Nineveh and Calah; that is the great city.
13 Mizraim was the father of the Ludites, Anamites, Lehabites, Naphtuhites, 14 Pathrusites, Casluhites (from whom the Philistines came) and Caphtorites.
15 Canaan was the father of Sidon his firstborn, [h] and of the Hittites, 16 Jebusites, Amorites, Girgashites, 17 Hivites, Arkites, Sinites, 18 Arvadites, Zemarites and Hamathites. Later the Canaanite clans scattered 19 and the borders of Canaan reached from Sidon toward Gerar as far as Gaza, and then toward Sodom, Gomorrah, Admah and Zeboiim, as far as Lasha.
20 These are the sons of Ham by their clans and languages, in their territories and nations.
The Semites 21 Sons were also born to Shem, whose older brother was [i] Japheth; Shem was the ancestor of all the sons of Eber.
22 The sons of Shem: Elam, Asshur, Arphaxad, Lud and Aram.
23 The sons of Aram: Uz, Hul, Gether and Meshech. [j]
24 Arphaxad was the father of [k] Shelah, and Shelah the father of Eber.
25 Two sons were born to Eber: One was named Peleg, [l] because in his time the earth was divided; his brother was named Joktan.
26 Joktan was the father of Almodad, Sheleph, Hazarmaveth, Jerah, 27 Hadoram, Uzal, Diklah, 28 Obal, Abimael, Sheba, 29 Ophir, Havilah and Jobab. All these were sons of Joktan.
30 The region where they lived stretched from Mesha toward Sephar, in the eastern hill country.
31 These are the sons of Shem by their clans and languages, in their territories and nations.
32 These are the clans of Noah's sons, according to their lines of descent, within their nations. From these the nations spread out over the earth after the flood.

ကမ္ဘာဦးကျမ်း။

ကမ္ဘာဦးကျမ်း။Genesis၉
၁ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သားတို့ကို ကောင်းကြီးပေးတော်မူ၍၊ သင်တို့သည် များပြားစွာ မွေးဘွားလျက် မြေကြီးကို ပြည့်စေကြလော့။ ၂မြေတိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက် အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်း သဘော ရှိရကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့လက်၌ ငါအပ်၏။ ၃အသက်ရှင်၍ လှုပ်ရှားတတ်သမျှ သည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့ စားစရာဘို့ ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ ၄သို့သော်လည်း၊ အသက်တည်းဟူသော အသွေးနှင့်တကွ အသားကိုမစားရ။ ၅အကယ်၍ သင်တို့အသက် တည်း ဟူသော၊ သင်တို့အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့၏ ညီအစ်ကို၌၊ လူ၏အသက်ကို ငါတောင်းမည်။ ၆အကြင်သူသည် လူ၏အသွေးကို သွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့် အညီ လူကို ဖန်ဆင်းတော်မူ၏။ ၇သင်တို့သည် သားကိုဘွား၍ များပြားကြလော့။ မြေကြီးပေါ်မှာ အလွန်မွေးဘွား၍ များပြား ကြလော့ဟု မိန့်တော်မူ၏။
၈တဖန် ဘုရားသခင်သည်၊ နောဧနှင့် သူ၏သားတို့ကို မိန့်တော်မူသည်ကား၊ ၉သင်တို့နှင့်၎င်း၊ နောက်ဖြစ် လတံ့သော အမျိုးအနွှယ်နှင့်၎င်း၊ ၁ဝသင်တို့ထံမှာ အသက်ရှင်သော တိရစ္ဆာန်တည်းဟူသော၊ ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန် အပေါင်းတို့နှင့်၎င်း၊ ငါသည် ကိုယ်တိုင် ပဋိညာဉ် ပြု၏။ ၁၁သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက် တဖန် မဆုံးရကြ။ မြေကြီးကိုဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။ ၁၂ထိုမှတပါး၊ ငါတဘက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့တဘက်၌၊ သားမြေး အစဉ်အဆက် မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာသက်သေ ဟူမူကား၊ ၁၃ငါ၏သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။ ၁၄ငါသည် မိုဃ်းကိုအုံ့စေသောအခါ၊ မိုဃ်းတိမ်၌ သက်တံ့သည် ထင်ရှားလိမ့် မည်။ ၁၅ထိုအခါ ငါတဘက်၊ သင်တို့မှစ၍၊ အသက်ရှင်သော သတ္တဝါ၊ တိရစ္ဆြွန်ရှိသမျှတို့ တဘက်၌ရှိသော၊ ငါ၏ပဋိညာဉ် ကို ငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့ကို ဖျက်ဆီးခြင်းငှါ၊ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။ ၁၆မိုဃ်းတိမ် ၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါ တိရစ္ဆာန် အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်။ ၁၇ဤသည်ကား၊ ငါနှင့်မြေကြီး ပေါ်မှာရှိသော သတ္တဝါ အပေါင်းတို့၏ စပ်ကြားမှာ၊ ငါအမြဲဖွဲ့သော ပဋိညာဉ်၏ လက္ခဏာသက်သေ ဖြစ်သတည်းဟု၊ နောဧကို ဘုရားသခင် မိန့်တော်မူ၏။

၁၈သင်္ဘောထဲကထွက်ဆင်းသော နောဧသားတို့၏အမည်ကား ရှေမ၊ ဟာမ၊ ယာဖက်တည်း။ ဟာမသည် ခါနာန်၏အဘဖြစ်၏။ ၁၉ဤသူတို့သည် နောဧ၏ သားသုံးယောက်ဖြစ်၍၊ မြေကြီးတပြင်လုံး၌ နှံ့ပြားကြ၏။
၂ဝနောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။ ၂၁စပျစ်ရည်ကိုလည်း သောက်၍ ယစ်မူးသဖြင့်၊ မိမိတဲ၌ အဝတ်မခြုံဘဲနေလေ၏။ ၂၂ခါနာန်၏အဘဟာမသည်၊ မိမိအဘ၌ အဝတ်အချည်း စည်းရှိသည်ကို မြင်လျှင်၊ ပြင်မှာရှိသော အစ်ကိုနှစ်ယောကို ပြောလေ၏။ ၂၃ရှေမနှင့် ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာတင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ၏။ သူတို့သည် အပြင်သို့ မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ်အချည်းစည်းရှိသည်ကို မမြင်ရ။ ၂၄နောဧသည် ယစ်မူးခြင်း ပျောက်၍ နိုးသောအခါ၊ မိမိ၌ သားငယ်ပြုသည်ကို သိလျှင်၊ ၂၅ခါနာန်သည် ကျိန်ခြင်းကိုခံပါစေ။ အစ်ကိုတို့၏ ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟု ဆို၏။ ၂၆တဖန် ရှေမ၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။ ၂၇ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့်၊ ရှေမ၏ တဲတို့တွင် နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။
၂၈နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ်သုံးရာငါးဆယ် အသက်ရှင်၍၊ ၂၉အသက်ပေါင်း ကိုးရာကိုးဆယ် စေ့သော် အနိစ္စရောက်လေ၏။
Genesis 9
God's Covenant With Noah 1 Then God blessed Noah and his sons, saying to them, "Be fruitful and increase in number and fill the earth. 2 The fear and dread of you will fall upon all the beasts of the earth and all the birds of the air, upon every creature that moves along the ground, and upon all the fish of the sea; they are given into your hands. 3 Everything that lives and moves will be food for you. Just as I gave you the green plants, I now give you everything.
4 "But you must not eat meat that has its lifeblood still in it. 5 And for your lifeblood I will surely demand an accounting. I will demand an accounting from every animal. And from each man, too, I will demand an accounting for the life of his fellow man.
6 "Whoever sheds the blood of man, by man shall his blood be shed; for in the image of God has God made man.
7 As for you, be fruitful and increase in number; multiply on the earth and increase upon it."
8 Then God said to Noah and to his sons with him: 9 "I now establish my covenant with you and with your descendants after you 10 and with every living creature that was with you—the birds, the livestock and all the wild animals, all those that came out of the ark with you—every living creature on earth. 11 I establish my covenant with you: Never again will all life be cut off by the waters of a flood; never again will there be a flood to destroy the earth."
12 And God said, "This is the sign of the covenant I am making between me and you and every living creature with you, a covenant for all generations to come: 13 I have set my rainbow in the clouds, and it will be the sign of the covenant between me and the earth. 14 Whenever I bring clouds over the earth and the rainbow appears in the clouds, 15 I will remember my covenant between me and you and all living creatures of every kind. Never again will the waters become a flood to destroy all life. 16 Whenever the rainbow appears in the clouds, I will see it and remember the everlasting covenant between God and all living creatures of every kind on the earth."
17 So God said to Noah, "This is the sign of the covenant I have established between me and all life on the earth."
The Sons of Noah 18 The sons of Noah who came out of the ark were Shem, Ham and Japheth. (Ham was the father of Canaan.) 19 These were the three sons of Noah, and from them came the people who were scattered over the earth.
20 Noah, a man of the soil, proceeded [a] to plant a vineyard. 21 When he drank some of its wine, he became drunk and lay uncovered inside his tent. 22 Ham, the father of Canaan, saw his father's nakedness and told his two brothers outside. 23 But Shem and Japheth took a garment and laid it across their shoulders; then they walked in backward and covered their father's nakedness. Their faces were turned the other way so that they would not see their father's nakedness.
24 When Noah awoke from his wine and found out what his youngest son had done to him, 25 he said, "Cursed be Canaan! The lowest of slaves will he be to his brothers."
26 He also said, "Blessed be the LORD, the God of Shem! May Canaan be the slave of Shem. [b]
27 May God extend the territory of Japheth [c] ; may Japheth live in the tents of Shem, and may Canaan be his [d] slave."
28 After the flood Noah lived 350 years. 29 Altogether, Noah lived 950 years, and then he died.

ကမ္ဘာဦးကျမ်း။

ကမ္ဘာဦးကျမ်း။Genesis၈
၁ဘုရားသခင်သည် နောဧမှစ၍ အသက်ရှင်သမျှသော သတ္တဝါ၊ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော တိရစ္ဆာန် အပေါင်းတို့ကို အောက်မေ့၍၊ မြေကြီးပေါ်မှာ လေလာစေတော်မူသဖြင့် ရေငြိမ်လေ၏။ ၂နက်နဲရာ ရေပေါက် ရေတွင်းများ၊ မိုဃ်းကောင်းကင် ပြွန်ဝများကို ဆို့ပိတ်၍၊ မိုဃ်းကို စဲစေတော်မူ၏။ ၃ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်းစီးသွား၍၊ အရက်တရာငါးဆယ် စေ့သောအခါ ယုတ်လျော့လေ၏။ ၄သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာတင်လေ၏။ ၅ဒသမလတိုင် အောင် ရေသည် အစဉ်မပြတ် ယုတ်လျော့၍၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ်တို့သည် ပေါ်ကြ၏။
၆ထိုမှ အရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သောပြတင်ပေါက်ကို ဖွင့်၍၊ ကျီးအ တကောင်ကိုလွှတ်လေ၏။ ၇ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက်မှီတိုင်အောင်၊ သွားလာလျက် နေလေ၏။ ၈တဖန် မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကို သိခြင်းငှါ ချိုးတကောင်ကို လွှတ်ပြန်လေ၏။ ၉ရေတပြင် လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကို ကိုင်ယူပြီး လျှင်၊ မိမိနေရာ သင်္ဘောထဲသို့ သွင်းလေ၏။ ၁ဝတဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန်၏။ ၁၁ညဦးအချိန်၌ ချိုးသည် နောဧထံသို့ ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့သောကြောင့်၊ ၁၂မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တဖန် ချိုးသည် မပြန်မလာနေ၏။
၁၃အနှစ်ခြောက်ရာတခု ပဌမလဆန်း တရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းသည်ရှိသော်၊ နေဧသည် သင်္ဘောမိုးကို ပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စ ရှိသည်ကို မြင်၏။ ၁၄ဒုတိယလ၊ နှစ်ဆယ် ခုနစ်ရက်နေ့တွင် မြေကြီးသွေ့ခြောက်လေ၏။
၁၅-၁၆ဘုရားသခင်ကလည်း၊ သင်သည်၊ သား၊ မယား၊ ချွေးမတို့နှင့်တကွ သင်္ဘောထဲက ထွက်ဆင်းလော့။ ၁၇သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန်၊ ငှက်များ၊ သားများ၊ မြေပေါ်၌ တွားတတ်သော တိရစ္ဆာန်များတို့သည်၊ မြေပ်ါမှာ သားကိုမွေး၍ အလွန်တိုးပွားများပြားမည် အကြောင်း၊ ထိုတိရစ္ဆာန်ရှိသမျှ တို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့ဟု၊ နောဧကို မိန့်တော်မူ၏။ ၁၈ထိုအခါ နောဧမှစ၍၊ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ၏။ ၁၉သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ ငှက်များ၊ ရေပေါ်မှာ လှုပ်ရှား တတ်သမျှသော အမျိုးမျိုးအပေါင်းတို့ သည်လည်း၊ သင်္ဘောထဲက ထွက်ဆင်းကြ၏။ ၂ဝနောဧသည်လည်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ၊ စင်ကြယ်သောသား၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲက ယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သောယဇ်ကို ပူဇော်လေ၏။ ၂၁ထာဝရဘုရား သည်လည်း၊ မွှေးကြိုင် သောအနံ့ကို ခံယူ၍၊ ငါသည် နောက်တဖန် လူတို့အတွက် မြေကြီးကို မကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှစ၍၊ စိတ်နှလုံးအကြံအစည် ဆိုးကြ၏။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သော အရာရှိသမျှ တို့ကို နောက်တဖန် ဒဏ်မခတ်။ ၂၂မြေကြီးမကုန်မှီတိုင်အောင်၊ မျိုးစေ့ကြဲရသောကာလ၊ အသီးအနှံကို သိမ်းရသောကာလ၊ ချမ်းသောကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ၏။

Genesis 8
1 But God remembered Noah and all the wild animals and the livestock that were with him in the ark, and he sent a wind over the earth, and the waters receded. 2 Now the springs of the deep and the floodgates of the heavens had been closed, and the rain had stopped falling from the sky. 3 The water receded steadily from the earth. At the end of the hundred and fifty days the water had gone down, 4 and on the seventeenth day of the seventh month the ark came to rest on the mountains of Ararat. 5 The waters continued to recede until the tenth month, and on the first day of the tenth month the tops of the mountains became visible.
6 After forty days Noah opened the window he had made in the ark 7 and sent out a raven, and it kept flying back and forth until the water had dried up from the earth. 8 Then he sent out a dove to see if the water had receded from the surface of the ground. 9 But the dove could find no place to set its feet because there was water over all the surface of the earth; so it returned to Noah in the ark. He reached out his hand and took the dove and brought it back to himself in the ark. 10 He waited seven more days and again sent out the dove from the ark. 11 When the dove returned to him in the evening, there in its beak was a freshly plucked olive leaf! Then Noah knew that the water had receded from the earth. 12 He waited seven more days and sent the dove out again, but this time it did not return to him.
13 By the first day of the first month of Noah's six hundred and first year, the water had dried up from the earth. Noah then removed the covering from the ark and saw that the surface of the ground was dry. 14 By the twenty-seventh day of the second month the earth was completely dry.
15 Then God said to Noah, 16 "Come out of the ark, you and your wife and your sons and their wives. 17 Bring out every kind of living creature that is with you—the birds, the animals, and all the creatures that move along the ground—so they can multiply on the earth and be fruitful and increase in number upon it."
18 So Noah came out, together with his sons and his wife and his sons' wives. 19 All the animals and all the creatures that move along the ground and all the birds—everything that moves on the earth—came out of the ark, one kind after another.
20 Then Noah built an altar to the LORD and, taking some of all the clean animals and clean birds, he sacrificed burnt offerings on it. 21 The LORD smelled the pleasing aroma and said in his heart: "Never again will I curse the ground because of man, even though [a] every inclination of his heart is evil from childhood. And never again will I destroy all living creatures, as I have done.

ကမ္ဘာဦးကျမ်း။

ကမ္ဘာဦးကျမ်း။Genesis၇
၁ထိုနောက်၊ ထာဝရ ဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလ အမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍၊ သင်၏အိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ကြလော့။ ၂မြေကြီးပေါ်မှာ တိရစ္ဆာန် အမျိုးမပြတ် ဆက်နွှယ်စေခြင်းငှါ၊ စင်ကြယ်သောသားမျိုး၊ တမျိုးတမျိုး တွင် အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောသားမျိုး တမျိုးတမျိုးတွင် လည်း အထီးအမ နှစ်စုံစီ၊ ၃မိုဃ်းကောင်းကင် ငှက်၊ တမျိုးတမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးအသီး တို့ကို သိမ်းယူရမည်။ ၄အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်းရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည် ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။ ၅မှာထားတော်မူသည် အတိုင်းလည်း နောဧပြုလေ၏။ ၆မြေကြီးကို ရေလွှမ်းမိုးသောအခါ၊ နောဧသည် အသက်ခြောက်ရာရှိသတည်း။ ၇ရေလွှမ်းမိုးခြင်းဘေး ကြောင့် နောဧသည် မိမိသား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်၍၊ ၈ဘုရားသခင်မှာထားတော်မူသည် အတိုင်း၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်များထဲက၊ ၉အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။
၁ဝခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သောရေသည် မြေပေါ်၌ ပေါ်လာ၏။ ၁၁နောဧအသက် ခြောက်ရာ စေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတား ရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင် ပြွန်ဝများကိုဖွင့်သဖြင့်၊ ၁၂အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။ ၁၃ထိုနေ့ရက်တွင်၊ နောဧနှင့် မိမိမယားမှစ၍၊ ရှေမ၊ ဟာမ၊ ယာဖက်တည်း ဟူသော၊ နောဧသားသုံးယောက်၊ ချွေးမ သုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ၏။ ၁၄သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတတ်သော ကြက်ငှက်မျိုး၊ ၁၅အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုး အပေါင်းတို့ထဲက၊ အထီးအမစုံတို့သည် နောဧ နှင့်အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။ ၁၆ထိုသို့ နောဧကို ဘုရားသခင် မှာထားတော်မူသည်အတိုင်း ဝင်သော တိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမစုံလျက် ဝင်ကြ၏။ ထာဝရဘုရားသည်လည်း၊ နောဧကို အထဲမှာပိတ်ထား တော်မူ၏။
၁၇ရေလွှမ်းမိုးခြင်းသည်၊ အရက်လေးဆယ်ပတ်လုံး၊ မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍၊ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။ ၁၈တဖန် ရေသည် အားကြီး၍၊ မြေကြီးပေါ်မှာ အလွန်တိုးတက် သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။ ၁၉နောက်တဖန် ရေသည် မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့် မိုဃ်းကောင်း ကင်အောက်၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။ ၂ဝရေမြုပ်သော တောင်တို့အထက်၌ လွှမ်းတက်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း။
၂၁မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။ ၂၂အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှ တို့သည် သေကြကုန်၏။ ၂၃မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ၊ တွားတတ်သော အရာဖြစ်စေ၊ မိုဃ်းကောင်းကင် ငှက်ဖြစ်စေ၊ အသက်ရှင်သော အရာရှိသမျှတို့ကို မြေကြီးက ပယ်ရှင်း တော်မူ၍၊ ပျက်ဆီး ကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာ ကျန်ကြွင်း လေကြ၏။ ၂၄ရေသည်လည်း မြေကြီးပေါ်မှာ၊ ရက်ပေါင်းတရာ ငါးဆယ်ပတ်လုံး အားကြီးစွာတည်လေ၏။

Genesis 7
1 The LORD then said to Noah, "Go into the ark, you and your whole family, because I have found you righteous in this generation. 2 Take with you seven [a] of every kind of clean animal, a male and its mate, and two of every kind of unclean animal, a male and its mate, 3 and also seven of every kind of bird, male and female, to keep their various kinds alive throughout the earth. 4 Seven days from now I will send rain on the earth for forty days and forty nights, and I will wipe from the face of the earth every living creature I have made."
5 And Noah did all that the LORD commanded him.
6 Noah was six hundred years old when the floodwaters came on the earth. 7 And Noah and his sons and his wife and his sons' wives entered the ark to escape the waters of the flood. 8 Pairs of clean and unclean animals, of birds and of all creatures that move along the ground, 9 male and female, came to Noah and entered the ark, as God had commanded Noah. 10 And after the seven days the floodwaters came on the earth.
11 In the six hundredth year of Noah's life, on the seventeenth day of the second month—on that day all the springs of the great deep burst forth, and the floodgates of the heavens were opened. 12 And rain fell on the earth forty days and forty nights.
13 On that very day Noah and his sons, Shem, Ham and Japheth, together with his wife and the wives of his three sons, entered the ark. 14 They had with them every wild animal according to its kind, all livestock according to their kinds, every creature that moves along the ground according to its kind and every bird according to its kind, everything with wings. 15 Pairs of all creatures that have the breath of life in them came to Noah and entered the ark. 16 The animals going in were male and female of every living thing, as God had commanded Noah. Then the LORD shut him in.
17 For forty days the flood kept coming on the earth, and as the waters increased they lifted the ark high above the earth. 18 The waters rose and increased greatly on the earth, and the ark floated on the surface of the water. 19 They rose greatly on the earth, and all the high mountains under the entire heavens were covered. 20 The waters rose and covered the mountains to a depth of more than twenty feet. [b] , [c] 21 Every living thing that moved on the earth perished—birds, livestock, wild animals, all the creatures that swarm over the earth, and all mankind. 22 Everything on dry land that had the breath of life in its nostrils died. 23 Every living thing on the face of the earth was wiped out; men and animals and the creatures that move along the ground and the birds of the air were wiped from the earth. Only Noah was left, and those with him in the ark.
24 The waters flooded the earth for a hundred and fifty days.

ကမ္ဘာဦးကျမ်း။

ကမ္ဘာဦးကျမ်း။Genesis၆
၁မြေကြီးမျက်နှာပေါ်မှာ လူတို့သည် များပြား၍၊ သမီးများကိုလည်း ရကြသောအခါ၊ ၂ဘုရားသခင်၏ သားတို့သည် လူသမီးတို့လှကြောင်းကို မြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။ ၃ထာဝရဘုရား ကလည်း၊ ငါ့ဝိညာဉ်သည် လူတို့တွင်အစဉ်မဆုံးမရ။ အကြောင်းမူကား၊ လူတို့သည် အသားဖြစ်၏။ သူ၏အသက်တန်းသည် လည်း၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။ ၄ထိုကာလ၌ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသောသူ အချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏ သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ရသော သားတို့သည်၊ အားကြီးသော သူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။
၅မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံး အကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊ ၆မြေကြီးပေါ်မှာ လူကိုဖန်ဆင်း တော်မူသည်ကို နောင်တရ၍၊ နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။ ၇ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင် ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသောကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။ ၈နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။
၉နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင် နှင့်အတူ သွားလာ၏။ ၁ဝနောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ၁၁ထိုအခါ မြေကြီးသည်၊ ဘုရားသခင့်ရှေ့မှာ ပုတ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ၁၂ဘုရားသခင်သည် မြေကြီးကို ကြည့်ရှုသောအခါ၊ ပုတ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ဖောက်ပြန်ခြင်းသို့ ရောက်ကြပြီ။
၁၃ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့် တကွ သူတို့ကို ငါဖျက်ဆီးမည်။ ၁၄ဂေါဖရသစ်သားဖြင့်၊ သင်္ဘောကို ကိုယ်ဘို့တည်လုပ်လော့။ အထဲ၌လည်း အခန်းများကိုလုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရှုးစေးနှင့်သုတ်လော့။ ၁၅လုပ်ရမည်ပုံဟူမူကား၊ သင်္ဘောအလျား အတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ် ရှိစေရမည်။ ၁၆အပေါ်၌လည်း အမိုးကိုလုပ်ရ မည်။ ထိုအမိုးအပေါ် အလယ်ချက်၌၊ ထိပ်အုပ်အနံ တတောင်အကျယ် ရှိစေရမည်။ သင်္ဘောနံတဘက်၌လည်း တံခါးကို လုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်း ရှိစေရမည်။ ၁၇အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို၊ ကောင်းကင် အောက်မှ ငါကိုယ်တိုင် ပယ်ရှင်းခြင်းငှါ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့် မြေပေါ်မှာ ရှိသမျှတို့သည် သေရကြမည်။ ၁၈သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည်၊ သား၊ မယား၊ ချွေးမများ နှင့်တကွ၊ သင်္ဘောထဲသို့ဝင်ရမည်။ ၁၉အသက်ရှင်သသော တိရစ္ဆာန်အမျိုးမျိုးထဲက အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက်ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။ ၂ဝငှက်လည်း အမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတတ်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ ချမ်းသာစေခြင်းငှါ သင့်ထံသို့ လာကြလိမ့်မည်။ ၂၁ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့ စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကိုယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ ၂၂မှာထားတော်မူသည် အတိုင်းလည်း နောဧပြုလေ၏။

Genesis 6
The Flood 1 When men began to increase in number on the earth and daughters were born to them, 2 the sons of God saw that the daughters of men were beautiful, and they married any of them they chose. 3 Then the LORD said, "My Spirit will not contend with [a] man forever, for he is mortal [b] ; his days will be a hundred and twenty years."
4 The Nephilim were on the earth in those days—and also afterward—when the sons of God went to the daughters of men and had children by them. They were the heroes of old, men of renown.
5 The LORD saw how great man's wickedness on the earth had become, and that every inclination of the thoughts of his heart was only evil all the time. 6 The LORD was grieved that he had made man on the earth, and his heart was filled with pain. 7 So the LORD said, "I will wipe mankind, whom I have created, from the face of the earth—men and animals, and creatures that move along the ground, and birds of the air—for I am grieved that I have made them." 8 But Noah found favor in the eyes of the LORD.
9 This is the account of Noah. Noah was a righteous man, blameless among the people of his time, and he walked with God. 10 Noah had three sons: Shem, Ham and Japheth.
11 Now the earth was corrupt in God's sight and was full of violence. 12 God saw how corrupt the earth had become, for all the people on earth had corrupted their ways. 13 So God said to Noah, "I am going to put an end to all people, for the earth is filled with violence because of them. I am surely going to destroy both them and the earth. 14 So make yourself an ark of cypress [c] wood; make rooms in it and coat it with pitch inside and out. 15 This is how you are to build it: The ark is to be 450 feet long, 75 feet wide and 45 feet high. [d] 16 Make a roof for it and finish [e] the ark to within 18 inches [f] of the top. Put a door in the side of the ark and make lower, middle and upper decks. 17 I am going to bring floodwaters on the earth to destroy all life under the heavens, every creature that has the breath of life in it. Everything on earth will perish. 18 But I will establish my covenant with you, and you will enter the ark—you and your sons and your wife and your sons' wives with you. 19 You are to bring into the ark two of all living creatures, male and female, to keep them alive with you. 20 Two of every kind of bird, of every kind of animal and of every kind of creature that moves along the ground will come to you to be kept alive. 21 You are to take every kind of food that is to be eaten and store it away as food for you and for them."
22 Noah did everything just as God commanded him.

ကမ္ဘာဦးကျမ်း။

ကမ္ဘာဦးကျမ်း။Genesis၅
၁အာဒံ၏ သားစဉ်မြေးဆက်စာရင်းဟူမူကား၊ လူကိုဖန်ဆင်းတော်မူသောကာလ၌၊ မိမိပုံသဏ္ဍန်နှင့် အညီ၊ ဘုရားသခင်ဖန်ဆင်းတော်မူ၏။ ၂လူယောက်ျား လူမိန်းမကိုဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန်ဆင်းသော နေ့၌လည်း၊ သူတို့ကိုအာဒံအမည်ဖြင့် မှည့်တော်မူ၏။
၃အာဒံသည် အသက်တရာသုံးဆယ်ရှိသော်၊ မိမိပုံသဏ္ဍန်နှင့် တညီတသဏ္ဍန်တည်းသားကို မြင်ရ၍၊ ရှေသအမည်ဖြင့်မှည့်လေ၏။ ၄ရှေသကိုဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာအသက်ရှင်၍၊ သားသမီးများ ကိုမြင်လေ၏။ ၅အာဒံသည်အသက်နှစ်ပေါင်းကိုးရာသုံးဆယ်စေ့သော်သေလေ၏။
၆ရှေသသည် အသက်တရာငါးနှစ်ရှိသော်၊ သားဧနုတ်ကိုမြင်လေ၏။ ၇ဧနုတ်ဘွားမြင်သောနောက်၊ ရှေသ သည် အနှစ်ရှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၈ရှေသသည် အသက်နှစ်ပေါင်း ကိုးရာတဆယ် နှစ်နှစ် စေ့သော်သေလေ၏။
၉ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သားကာဣနန်ကိုမြင်လေ၏။ ၁ဝကာဣနန်ဘွားမြင်သော နောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။ ၁၁ဧနုတ်သည် အသက်နှစ်ပေါင်း ကိုးရာငါးနှစ်စေ့သော်သေလေ၏။
၁၂ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။ ၁၃မဟာလေလ ဘွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၁၄ကာဣနန်သည်၊ အသက်နှစ်ပေါင်းကိုးရာတဆယ်စေ့သော်သေလေ၏။
၁၅မဟာလေလသည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော်၊ သားယာရက်ကိုမြင်လေ၏။ ၁၆ယာရက် ဘွားမြင် သောနောက်၊ မဟာလေလသည်၊ အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။ ၁၇မဟာလေလ သည် အသက်နှစ်ပေါင်းရှစ်ရာကိုးဆယ်ငါးနှစ်စေ့သော် သေလေ၏။
၁၈ယာရက်သည်၊ အသက်တရာခြောက်ဆယ်နှစ်နှစ်ရှိသော်၊ သားဧနောက်ကိုမြင်လေ၏။ ၁၉ဧနောက် ဘွားမြင် သောနောက်၊ ယာရက်သည် အနှစ်ရှစ်ရာအသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂ဝယာရက်သည် အသက်နှစ် ပေါင်းကိုးရာခြောက်ဆယ်နှစ်နှစ် စေ့သော်သေလေ၏။
၂၁ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော်၊ သားမသုရှလကို မြင်လေ၏။ ၂၂မသုရှလဘွား မြင်သော နောက်၊ ဧနောက်သည် အနှစ်သုံးရာပတ်လုံးဘုရားသခင်နှင့်အတူသွားလာ၍၊ သားသမီးများကို မြင်လေ၏။ ၂၃ဧနောက် အသက်နှစ်ပေါင်းသုံးရာခြောက်ဆယ်ငါးနှစ်တည်း။ ၂၄ဧနောက်သည် ဘုရားသခင် နှင့်အတူသွားလာ၏။ နောက်တဖန် သူသည်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်သိမ်းယူတော်မူသော ကြောင့်တည်း။
၂၅မသုရှလသည် အသက်တရာရှစ်ဆယ်ခုနစ်နှစ်ရှိသော်၊ သားလာမက်ကိုမြင်လေ၏။ ၂၆လာမက် ဘွားမြင် သောနောက်၊ မသုရှလသည် အနှစ်ခုနစ်ရာရှစ်ဆယ်နှစ်နှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂၇မသုရှလ သည် အသက်နှစ်ပေါင်းကိုးရာခြောက်ဆယ်ကိုးနှစ် စေ့သော်သေလေ၏။
၂၈လာမက်သည် အသက် တရာရှစ်ဆယ်နှစ်နှစ်ရှိသော် သားကိုမြင်၍၊ ၂၉ဤသူသည်ကား၊ ထာဝရဘုရား ကျိန်တော်မူသော မြေ၌လုပ်၍၊ ပင်ပန်းစွာခံရသော ငါတို့အား သက်သာစေသောသူ ဖြစ်လိမ့်မည်ဟူ၍၊ သူ့ကို နောဧဟူသော အမည်ဖြင့် မှည့်လေ၏။ ၃ဝနောဧဘွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၃၁လာမက်သည် အသက်နှစ်ပေါင်း ခုနစ်ရာ ခုနစ်ဆယ် ခုနစ်နှစ်စေ့သော် သေလေ၏။ ၃၂နောဧသည် အသက်ငါးရာရှိ၏။ နောဧသားကား၊ ရှေမ၊ ဟာမ၊ ယာဖက်တည်း။

Genesis 5
From Adam to Noah 1 This is the written account of Adam's line. When God created man, he made him in the likeness of God. 2 He created them male and female and blessed them. And when they were created, he called them "man. "
3 When Adam had lived 130 years, he had a son in his own likeness, in his own image; and he named him Seth. 4 After Seth was born, Adam lived 800 years and had other sons and daughters. 5 Altogether, Adam lived 930 years, and then he died.
6 When Seth had lived 105 years, he became the father of Enosh. 7 And after he became the father of Enosh, Seth lived 807 years and had other sons and daughters. 8 Altogether, Seth lived 912 years, and then he died.
9 When Enosh had lived 90 years, he became the father of Kenan. 10 And after he became the father of Kenan, Enosh lived 815 years and had other sons and daughters. 11 Altogether, Enosh lived 905 years, and then he died.
12 When Kenan had lived 70 years, he became the father of Mahalalel. 13 And after he became the father of Mahalalel, Kenan lived 840 years and had other sons and daughters. 14 Altogether, Kenan lived 910 years, and then he died.
15 When Mahalalel had lived 65 years, he became the father of Jared. 16 And after he became the father of Jared, Mahalalel lived 830 years and had other sons and daughters. 17 Altogether, Mahalalel lived 895 years, and then he died.
18 When Jared had lived 162 years, he became the father of Enoch. 19 And after he became the father of Enoch, Jared lived 800 years and had other sons and daughters. 20 Altogether, Jared lived 962 years, and then he died.
21 When Enoch had lived 65 years, he became the father of Methuselah. 22 And after he became the father of Methuselah, Enoch walked with God 300 years and had other sons and daughters. 23 Altogether, Enoch lived 365 years. 24 Enoch walked with God; then he was no more, because God took him away.
25 When Methuselah had lived 187 years, he became the father of Lamech. 26 And after he became the father of Lamech, Methuselah lived 782 years and had other sons and daughters. 27 Altogether, Methuselah lived 969 years, and then he died.
28 When Lamech had lived 182 years, he had a son. 29 He named him Noah [c] and said, "He will comfort us in the labor and painful toil of our hands caused by the ground the LORD has cursed." 30 After Noah was born, Lamech lived 595 years and had other sons and daughters. 31 Altogether, Lamech lived 777 years, and then he died.
32 After Noah was 500 years old, he became the father of Shem, Ham and Japheth.

ကမ္ဘာဦးကျမ်း။

ကမ္ဘာဦးကျမ်း။Genesis၎
၁ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့် ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓွေစွဲယူ၍၊ ကာဣနကို ဘွားမြင်လျှင်၊ ထာဝရဘုရား၏ လူကိုငါရပြီဟုဆိုလေ၏။ ၂တဖန်သူ့ညီအာဗေလကို ဘွားမြင်လေ၏။ အာဗေလကားသိုးထိန်းဖြစ်၏။ ကာဣနကားလယ်လုပ်သောသူဖြစ်၏။ ၃အချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံပူဇော်သက္ကာဘို့၊ မြေအသီးကိုဆောင်ခဲ့၏။ ၄အာဗေလသည်လည်း၊ မိမိသိုးစုတွင် အဦးဘွား သောသားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။ ၅ကာဣနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏပြုတော်မမူ။ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။ ၆ထာဝရဘုရားကလည်း၊ သင်သည်အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့်မျက်နှာပျက်သနည်း။ ၇သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာဝပ်လျက်ရှိ၏။ သူသည်သင်၏ အလိုသို့လိုက်၍၊ သင်သည်သူ့ကို အုပ်စိုးရ၏ ဟုကာဣနကိုမိန့်တော်မူ၏။
၈ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။ ၉ထာဝရဘုရားကလည်း၊ သင့်ညီအာဗေလသည် အဘယ်မှာ ရှိသနည်း ဟု၊ ကာဣနကိုမေးတော်မူလျှင်၊ အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုစောင့်ရသောသူဖြစ်ပါ သလောဟု လျှောက် ဆို၏။ ၁ဝဘုရားသခင်ကလည်း၊ သင်သည်အဘယ်သို့ပြုပြီး သနည်း။ သင့်ညီအသွေး၏ အသံသည် မြေထဲကငါ့ကို အော်ဟစ်လျက်ရှိသည်တကား။ ၁၁သို့ဖြစ်၍ သင့်ညီ၏ အသွေးကိုခံယူခြင်းငှါ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး၏ ကျိန်ခြင်း ကိုသင်သည်ခံရသောကြောင့်၊ ၁၂ယခုမှစ၍ မြေ၌လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကိုမရရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။ ၁၃ကာဣနကလည်း၊ အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင်ကြီးပါသလော။ ၁၄အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့ နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ပါရမည်။ တွေ့သမျှသောသူတို့သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည်ဟု၊ ထာဝရဘုရားကို လျှောက်ဆို၏။ ၁၅ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ ကာဣနကိုသတ်သော သူမည်သည်ကား၊ ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူ ပြီးလျှင်၊ ကာဣနကိုတွေ့သောသူ တစုံတယောက်မျှမသတ်စေခြင်းငှါ၊ ထာဝရဘုရားသည် သူ၌ အမှတ်ပေးတော်မူ၏။
၁၆ကာဣနသည် ထာဝရဘုရားထံတော်မှ ထွက်သွား၍၊ ဧဒင်ပြည်အရှေ့၊ နောဒပြည်တွင် နေလေ၏။ ၁၇ထိုအခါ ကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့်၊ သူသည်ပဋိသန္ဓွေစွဲယူ၍၊ သားဧနောက်ကို ဘွားမြင်လေ၏။ ကာဣနသည်လည်း မြို့ကိုတည်၍၊ မိမိသား၏ အမည်အလိုက်၊ ထိုမြို့ကို ဧနောက်မြို့ဟု သမုတ်လေ၏။ ၁၈ဧနောက်သားကား ဣရဒ်၊ ဣရဒ်သားကား၊ မဟုယေလ၊ မဟုယေလသားကား၊ မသုရှလ၊ မသုရှလသားကား၊ လာမက်တည်း။
၁၉လာမက်သည်၊ အာဒနှင့် ဇိလအမည်ရှိသောမိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဘက်ပြု၍၊ ၂ဝအာဒသည် သားယာဗလကိုဘွားမြင်လေ၏။ ထိုသားကား၊ တဲ၌နေသောသူ၊ သိုးနွားစသည်တို့ကို မွေးသော သူတို့၏ အဘဆရာ ဖြစ်လေသတည်း။ ၂၁ယုဗလအမည်ရှိသောညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုး တို့ကို တီးမှုတ်တတ်သောသူ အပေါင်းတို့၏ အဘဆရာဖြစ်လေသတည်း။ ၂၂ဇိလသည်လည်း၊ သား တုဗလကာဣနကို ဘွားမြင်လေ၏။ သူသည် ပန်းတဉ်းသမား၊ ပန်းပဲသမား အပေါင်းတို့၏ ဆရာဖြစ်လေ၏။ တုဗလကာဣန၏ နှမကား၊ နေမအမည်ရှိ၏။ ၂၃လာမက်ကလည်း၊ အာဒနှင့် ဇိလ၊ ငါပြောသံကိုမှတ်ကြလော့။ လာမက်မယားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ့ကိုထိခိုက်သော လူတယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသောလူပျိုတယောက်ကို ငါသတ်ခဲ့ပြီ။ ၂၄ကာဣနသည် ခုနစ်ဆသော တရားကိုရလျှင်၊ အကယ်၍ လာမက်သည်၊ အဆခုနစ်ဆယ်ခုနစ်ဆသော တရားကို ရလိမ့်မည်ဟု၊ မိမိမယားတို့ကို ပြောဆို၏။
၂၅အာဒံသည်လည်း မိမိမယားနှင့် တဖန်ဆက်ဆံပြန်လျှင်၊ မယားသည်သားကို ဘွားမြင်၍၊ ရှေသဟူသော အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ကာဣနသတ်သော အာဗေလကိုယ်စား၊ တပါးသောအနွှယ်ကို၊ အကျွန်ုပ် အဘို့ ဘုရားသခင်ခန့်ထားတော်မူပြီဟု ဆိုသတည်း။ ၂၆ရှေသသည်လည်း သားကိုရ၍ ဧနုတ်ဟူသောအမည်ဖြင့် မှည့်လေ၏။ ထိုကာလ၌၊ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ကိုးကွယ်စပြုကြလေ၏။
***********

Genesis 4
Cain and Abel 1 Adam lay with his wife Eve, and she became pregnant and gave birth to Cain. She said, "With the help of the LORD I have brought forth a man." 2 Later she gave birth to his brother Abel. Now Abel kept flocks, and Cain worked the soil. 3 In the course of time Cain brought some of the fruits of the soil as an offering to the LORD. 4 But Abel brought fat portions from some of the firstborn of his flock. The LORD looked with favor on Abel and his offering, 5 but on Cain and his offering he did not look with favor. So Cain was very angry, and his face was downcast.
6 Then the LORD said to Cain, "Why are you angry? Why is your face downcast? 7 If you do what is right, will you not be accepted? But if you do not do what is right, sin is crouching at your door; it desires to have you, but you must master it."
8 Now Cain said to his brother Abel, "Let's go out to the field." And while they were in the field, Cain attacked his brother Abel and killed him.
9 Then the LORD said to Cain, "Where is your brother Abel?" "I don't know," he replied. "Am I my brother's keeper?"
10 The LORD said, "What have you done? Listen! Your brother's blood cries out to me from the ground. 11 Now you are under a curse and driven from the ground, which opened its mouth to receive your brother's blood from your hand. 12 When you work the ground, it will no longer yield its crops for you. You will be a restless wanderer on the earth."
13 Cain said to the LORD, "My punishment is more than I can bear. 14 Today you are driving me from the land, and I will be hidden from your presence; I will be a restless wanderer on the earth, and whoever finds me will kill me."
15 But the LORD said to him, "Not so ; if anyone kills Cain, he will suffer vengeance seven times over." Then the LORD put a mark on Cain so that no one who found him would kill him. 16 So Cain went out from the LORD's presence and lived in the land of Nod, east of Eden.
17 Cain lay with his wife, and she became pregnant and gave birth to Enoch. Cain was then building a city, and he named it after his son Enoch. 18 To Enoch was born Irad, and Irad was the father of Mehujael, and Mehujael was the father of Methushael, and Methushael was the father of Lamech.
19 Lamech married two women, one named Adah and the other Zillah. 20 Adah gave birth to Jabal; he was the father of those who live in tents and raise livestock. 21 His brother's name was Jubal; he was the father of all who play the harp and flute. 22 Zillah also had a son, Tubal-Cain, who forged all kinds of tools out of bronze and iron. Tubal-Cain's sister was Naamah.
23 Lamech said to his wives, "Adah and Zillah, listen to me; wives of Lamech, hear my words. I have killed a man for wounding me, a young man for injuring me.
24 If Cain is avenged seven times, then Lamech seventy-seven times."
25 Adam lay with his wife again, and she gave birth to a son and named him Seth, [i] saying, "God has granted me another child in place of Abel, since Cain killed him." 26 Seth also had a son, and he named him Enosh. At that time men began to call on the name of the LORD.

ကမ္ဘာဦးကျမ်း။

ကမ္ဘာဦးကျမ်း။Genesis၃
၁မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော် မူသလောဟု မေး၏။ ၂မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏ အသီးကိုစားရသောအခွင့် ရှိ၏။ ၃ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ ၄မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ ၅အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင် သိတော်မူသည်ဟု မိန်းမအားဆိုလေ၏။ ၆ထိုအပင်သည် စားဘွယ်ကောင်း၏၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။ ၇ထိုသူနှစ်ယောက် တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို မြင်လျှင်၊ မိမိတို့ဝတ်ရန်ဘို့ သင်္ဘောသဖန်းပင် အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
၈နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင် ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယား တို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။ ၉ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။ ၁ဝလူကလည်း၊ ဥယျာဉ်၌ ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။ ၁၁ဘုရားသခင်ကလည်း သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင့်အား အဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သောအပင်၏ အသီးကို စားပြီလောဟု မေးတော်မူ၏။ ၁၂လူကလည်း၊ ကျွန်တော်၌ အပ်ပေး တော်မူသောမိန်းမသည် ထိုအပင်၏အသီးကို ပေး၍ ကျွန်တော် စားမိပါသည်ဟု လျှောက်လေ၏။ ၁၃ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြုပြီးသနည်းဟု မိန်းမအား မေးတော်မူလျှင်၊ မိန်းမက၊ မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည် စားမိပါပြီဟု လျှောက်လေ၏။
၁၄ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကိုပြုသောကြောင့်၊ သားယဉ်၊ သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။ ၁၅သင်နှင့် မိန်းမ ကို၎င်း၊ သင်၏အမျိုးအနွှယ်နှင့် မိန်းမ၏အမျိုးအနွှယ်ကို၎င်း ငါသည် ရန်ညှိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
၁၆မိန်းမကိုလည်း သင်၌ ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာ ဝေဒနာကို အလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာကိုခံ၍ သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့ လိုက်၍၊ သူ၏အုပ်စိုးခြင်း ကိုခံရမည်ဟု မိန့်တော်မူ၏။ ၁၇ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကိုမစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည်သင်၏ အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံး ပင်ပန်းစွာစားရမည်။ ၁၈ဆူးပင်အမျိုးမျိုး တို့ကိုလည်း သင်အဘို့မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ ၁၉သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်း မူကား၊ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
၂ဝထိုအခါ လူသည် မိမိမယားကို၊ ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည်အသက် ရှင်သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။
၂၁ထာဝရဘုအရှင်ဘုရားသခင်သည်လည်း၊ လူလင်မယားဘို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။
၂၂ထာဝရအရှင် ဘုရားသခင်ကလည်း၊ လူသည်ငါတို့တွင်တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းကို သိတတ် ၏။ ယခုမှာသူသည် ထာဝရအသက်ကို ရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏ အသီးကိုယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊ ၂၃လူသည်မိမိထွက်သောမြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရား သခင်သည်၊ ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။ ၂၄ထိုသို့သူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစက်လက်နက် နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။

၁မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော် မူသလောဟု မေး၏။ ၂မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏ အသီးကိုစားရသောအခွင့် ရှိ၏။ ၃ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ ၄မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ ၅အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင် သိတော်မူသည်ဟု မိန်းမအားဆိုလေ၏။ ၆ထိုအပင်သည် စားဘွယ်ကောင်း၏၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။ ၇ထိုသူနှစ်ယောက် တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို မြင်လျှင်၊ မိမိတို့ဝတ်ရန်ဘို့ သင်္ဘောသဖန်းပင် အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
၈နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင် ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယား တို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။ ၉ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။ ၁ဝလူကလည်း၊ ဥယျာဉ်၌ ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။ ၁၁ဘုရားသခင်ကလည်း သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင့်အား အဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သောအပင်၏ အသီးကို စားပြီလောဟု မေးတော်မူ၏။ ၁၂လူကလည်း၊ ကျွန်တော်၌ အပ်ပေး တော်မူသောမိန်းမသည် ထိုအပင်၏အသီးကို ပေး၍ ကျွန်တော် စားမိပါသည်ဟု လျှောက်လေ၏။ ၁၃ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြုပြီးသနည်းဟု မိန်းမအား မေးတော်မူလျှင်၊ မိန်းမက၊ မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည် စားမိပါပြီဟု လျှောက်လေ၏။
၁၄ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကိုပြုသောကြောင့်၊ သားယဉ်၊ သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။ ၁၅သင်နှင့် မိန်းမ ကို၎င်း၊ သင်၏အမျိုးအနွှယ်နှင့် မိန်းမ၏အမျိုးအနွှယ်ကို၎င်း ငါသည် ရန်ညှိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
၁၆မိန်းမကိုလည်း သင်၌ ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာ ဝေဒနာကို အလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာကိုခံ၍ သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့ လိုက်၍၊ သူ၏အုပ်စိုးခြင်း ကိုခံရမည်ဟု မိန့်တော်မူ၏။ ၁၇ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကိုမစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည်သင်၏ အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံး ပင်ပန်းစွာစားရမည်။ ၁၈ဆူးပင်အမျိုးမျိုး တို့ကိုလည်း သင်အဘို့မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ ၁၉သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်း မူကား၊ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
၂ဝထိုအခါ လူသည် မိမိမယားကို၊ ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည်အသက် ရှင်သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။
၂၁ထာဝရဘုအရှင်ဘုရားသခင်သည်လည်း၊ လူလင်မယားဘို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။
၂၂ထာဝရအရှင် ဘုရားသခင်ကလည်း၊ လူသည်ငါတို့တွင်တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းကို သိတတ် ၏။ ယခုမှာသူသည် ထာဝရအသက်ကို ရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏ အသီးကိုယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊ ၂၃လူသည်မိမိထွက်သောမြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရား သခင်သည်၊ ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။ ၂၄ထိုသို့သူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစက်လက်နက် နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။

Genesis 3
The Fall of Man 1 Now the serpent was more crafty than any of the wild animals the LORD God had made. He said to the woman, "Did God really say, 'You must not eat from any tree in the garden'?"
2 The woman said to the serpent, "We may eat fruit from the trees in the garden, 3 but God did say, 'You must not eat fruit from the tree that is in the middle of the garden, and you must not touch it, or you will die.' "
4 "You will not surely die," the serpent said to the woman. 5 "For God knows that when you eat of it your eyes will be opened, and you will be like God, knowing good and evil."
6 When the woman saw that the fruit of the tree was good for food and pleasing to the eye, and also desirable for gaining wisdom, she took some and ate it. She also gave some to her husband, who was with her, and he ate it. 7 Then the eyes of both of them were opened, and they realized they were naked; so they sewed fig leaves together and made coverings for themselves.
8 Then the man and his wife heard the sound of the LORD God as he was walking in the garden in the cool of the day, and they hid from the LORD God among the trees of the garden. 9 But the LORD God called to the man, "Where are you?"
10 He answered, "I heard you in the garden, and I was afraid because I was naked; so I hid."
11 And he said, "Who told you that you were naked? Have you eaten from the tree that I commanded you not to eat from?"
12 The man said, "The woman you put here with me—she gave me some fruit from the tree, and I ate it."
13 Then the LORD God said to the woman, "What is this you have done?" The woman said, "The serpent deceived me, and I ate."
14 So the LORD God said to the serpent, "Because you have done this, "Cursed are you above all the livestock and all the wild animals! You will crawl on your belly and you will eat dust all the days of your life.
15 And I will put enmity between you and the woman, and between your offspring and hers; he will crush your head, and you will strike his heel."
16 To the woman he said, "I will greatly increase your pains in childbearing; with pain you will give birth to children. Your desire will be for your husband, and he will rule over you."
17 To Adam he said, "Because you listened to your wife and ate from the tree about which I commanded you, 'You must not eat of it,' "Cursed is the ground because of you; through painful toil you will eat of it all the days of your life.
18 It will produce thorns and thistles for you, and you will eat the plants of the field.
19 By the sweat of your brow you will eat your food until you return to the ground, since from it you were taken; for dust you are and to dust you will return."
20 Adam named his wife Eve, because she would become the mother of all the living.
21 The LORD God made garments of skin for Adam and his wife and clothed them. 22 And the LORD God said, "The man has now become like one of us, knowing good and evil. He must not be allowed to reach out his hand and take also from the tree of life and eat, and live forever." 23 So the LORD God banished him from the Garden of Eden to work the ground from which he had been taken. 24 After he drove the man out, he placed on the east side [e] of the Garden of Eden cherubim and a flaming sword flashing back and forth to guard the way to the tree of life.

ကမ္ဘာဦးကျမ်း။

ကမ္ဘာဦးကျမ်း။Genesis

၁ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။ ၂သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ၃ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။
၎ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော နေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပ္ပတ္တိပေတည်း။ ၅မြေ၌ လယ်ယာပျိုးပင် မပေါက်မှီ၊ လယ်ယာ၌ စပါးပင် မကြီးပွားမှီ၊ အပင်ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။ ထိုအခါ ထာဝရအရှင် ဘုရားသခင်သည် မြေပေါ်၌ မိုဃ်းကိုရွာစေတော်မမူသေး။ မြေ၌လုပ်သောသူလည်း မရှိသေးသည်ဖြစ်၍၊ ၆မြေမှ အခိုးအငွေ့ထွက်သဖြင့် မြေတပြင် လုံးကို စိုစေလေ၏။
၇ထိုနောက်၊ ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက် ကို မှုတ်တော်မူလျှင်၊ လူသည်အသက်ရှင်သော သတ္တဝါဖြစ်လေ၏။
၈ထာဝရအရှင်ဘုရားသခင် သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်း တော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။ ၉ထိုမြေထဲက အဆင်းလှ၍ စားဘွယ်ကောင်း သောအပင် အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင် လည်းရှိ၏။ ကောင်း မကောင်းကို သိကျွမ်းရာအပင်လည်း ရှိ၏။
၁ဝထိုဥယျာဉ်ကို စိုစေလိုသောငှါ မြစ်တမြစ်သည် ဧဒင်အရပ်ထဲက စီးထွက်သဖြင့်၊ ဥယျာဉ်ပြင်မှာ လေးဖြာ ကွဲ၍ မြစ်မလေးသွယ်ဖြစ်လေ၏။ ၁၁ပဌမဖြစ်ကား ဖိရူန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တရှောက်လုံးကို စီးသွားလေ၏။ ၁၂ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။ ဗဓေလ သစ်စေးနှင့် ရှဟံကျောက် လည်းရှိ၏။ ၁၃ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြစ်သည် ကုရှပြည်နား တရှောက်လုံးကို စီးသွားလေ၏။ ၁၄တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။
၁၅ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှါ ထားတော် မူ၏။ ၁၆ထာဝရအရှင်ဘုရားသခင် ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ၁၇ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။
၁၈ထာဝရအရှင် ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့် တော်သော အထောက်အမကို သူ့ဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။ ၁၉ထာဝရအရှင် ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူသည် အဘယ်သို့ ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှါ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ် သည်အတိုင်း၊ နာမည်အသီးအသီး ရှိကြ၏။ ၂ဝထိုသို့ လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည် ပေး၍ မှည့်လေ၏။ သို့သော်လည်း လူနှင့်တော်သော အထောက်အမ မပေါ်မရှိသေး။
၂၁ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းနှင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစား အသားကို စေ့စပ်စေတော်မူ၏။ ၂၂ထာဝရ အရှင်ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ ၂၃လူကလည်း၊ ယခုဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသား ဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကို လူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။ ၂၄ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ ၂၅ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲနေ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် ကြ၏။

Genesis 2
1 Thus the heavens and the earth were completed in all their vast array.
2 By the seventh day God had finished the work he had been doing; so on the seventh day he rested from all his work. 3 And God blessed the seventh day and made it holy, because on it he rested from all the work of creating that he had done.

Adam and Eve 4 This is the account of the heavens and the earth when they were created. When the LORD God made the earth and the heavens- 5 and no shrub of the field had yet appeared on the earth and no plant of the field had yet sprung up, for the LORD God had not sent rain on the earth and there was no man to work the ground, 6 but streams came up from the earth and watered the whole surface of the ground- the LORD God formed the man The Hebrew for man (adam) sounds like and may be related to the Hebrew for ground (adamah) it is also the name Adam (see Gen. 2:20). from the dust of the ground and breathed into his nostrils the breath of life, and the man became a living being.
8 Now the LORD God had planted a garden in the east, in Eden; and there he put the man he had formed. 9 And the LORD God made all kinds of trees grow out of the ground—trees that were pleasing to the eye and good for food. In the middle of the garden were the tree of life and the tree of the knowledge of good and evil.
10 A river watering the garden flowed from Eden; from there it was separated into four headwaters. 11 The name of the first is the Pishon; it winds through the entire land of Havilah, where there is gold. 12 (The gold of that land is good; aromatic resin and onyx are also there.) 13 The name of the second river is the Gihon; it winds through the entire land of Cush. 14 The name of the third river is the Tigris; it runs along the east side of Asshur. And the fourth river is the Euphrates.
15 The LORD God took the man and put him in the Garden of Eden to work it and take care of it. 16 And the LORD God commanded the man, "You are free to eat from any tree in the garden; 17 but you must not eat from the tree of the knowledge of good and evil, for when you eat of it you will surely die."
18 The LORD God said, "It is not good for the man to be alone. I will make a helper suitable for him."
19 Now the LORD God had formed out of the ground all the beasts of the field and all the birds of the air. He brought them to the man to see what he would name them; and whatever the man called each living creature, that was its name. 20 So the man gave names to all the livestock, the birds of the air and all the beasts of the field. But for Adam no suitable helper was found. 21 So the LORD God caused the man to fall into a deep sleep; and while he was sleeping, he took one of the man's ribs and closed up the place with flesh. 22 Then the LORD God made a woman from the rib he had taken out of the man, and he brought her to the man.
23 The man said, "This is now bone of my bones and flesh of my flesh; she shall be called 'woman, ' for she was taken out of man."
24 For this reason a man will leave his father and mother and be united to his wife, and they will become one flesh.
25 The man and his wife were both naked, and they felt no shame.

ကမ္ဘာဦးကျမ်း။

ကမ္ဘာဦးကျမ်း။Genesis၁
၁အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ ၂မြေကြီးသည် အဆင်း သဏ္ဍန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော် သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။
၃ဘုရားသခင်ကလည်း၊ အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ၄ထိုအလင်းကောင်း သည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ ၅အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဥ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့်နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။
၆တဖန် ဘုရားသခင်က၊ ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော် ရှိသဖြင့်၊ ၇မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက်အောက်၌ ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။ ၈မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသော အမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့်နံနက်သည် ဒုတိယနေ့ရက် ဖြစ်လေ၏။
၉တဖန် ဘုရားသခင်က မိုဃ်းကောင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည် အတိုင်း ဖြစ်လေ၏။ ၁ဝကုန်းကို မြေဟူ၍အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသော အမည်ဖြင့် ၄င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍၊ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင် မြင်တော်မူ၏။
၁၁တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက်၊ သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ၁၂မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးမျိုးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း ပေါက်စေ၏။ ၁၃ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် တတိယ နေ့ရက်ဖြစ်လေ၏။
၁၄တဖန် ဘုရားသခင်က၊ နေ့နှင့်ညဥ့်ကိုပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်း အိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ ၁၅မိုဃ်းကောင်း ကင်မျက်နှာကြက်၌ တည်၍ မြေကြီးလင်းစရာအလင်းအိမ် ဖြစ်စေဟု၊ အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။
၁၆ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီးနှစ်လုံးတည်း ဟူသော၊ နေ့ကိုအုပ်စိုးရသော အကြီး တလုံး၊ ညဥ့်ကိုအုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များကိုဖန်ဆင်းတော်မူပြီးလျှင်၊ ၁၇-၁၈မြေကြီး၌ လင်းစေခြင်းငှါ၎င်း၊ နေ့နှင့်ညဥ့်ကို အုပ်စိုး၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှါ၎င်း၊ မိုဃ်းကောင်းကင် မျက်နှာကျက်၌ ဘုရားသခင် ထားတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ၁၉ညဦးနှင့်နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။
၂ဝတဖန် ဘုရားသခင်က၊ အသက်ရှင်၍လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များစွာ မွေးဘွားစေ။ ငှက်တို့လည်း မြေပေါ်မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့်တော်ရှိ၏။ ၂၁ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာမွေးဘွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို ၄င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင် ဖန်ဆင်း၍ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။ ၂၂ဘုရားသခင်ကလည်း၊ များပြားစွာမွေးဘွား ကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်ကြီးပေးတော်မူ၍၊ ၂၃ညဦးနှင့်နံနက်သည် ပဉ္စမနေ့ရက်ဖြစ်လေ၏။
၂၄တဖန် ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း မွေးဘွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ၂၅ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။
၂၆တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဍန်နှင့်တညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ၂၇ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမ ကို ဖန်ဆင်းပြီးလျှင်၊ ၂၈အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။
၂၉ဘုရားသခင်ကလည်း၊ ကြည့်ရှု့လော့။ မြေတပြင်လုံး၌ စပါးသီးကိုဖြစ်စေသော စပါးပင်အမျိုးမျိုး တို့ကို၎င်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့် ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကို၎င်း၊ သင်တို့စားစရာဘို့ ငါပေး၏။ ၃ဝမြေသား၊ မိုဃ်းကောင်းကင်ငှက်၊ အသက်ရှင်၍ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ စားစရာအဘို့၊ မြက်ပင် အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်း ဖြစ်လေ၏။ ၃၁ဘုရားသခင် သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဦးနှင့်နံနက် သည် ဆဌမနေ့ရက်ဖြစ်လေ၏။

Genesis 1
The Beginning 1 In the beginning God created the heavens and the earth.
2 Now the earth was formless and empty, darkness was over the surface of the deep, and the Spirit of God was hovering over the waters.
3 And God said, "Let there be light," and there was light. 4 God saw that the light was good, and He separated the light from the darkness. 5 God called the light "day," and the darkness he called "night." And there was evening, and there was morning—the first day.
6 And God said, "Let there be an expanse between the waters to separate water from water." 7 So God made the expanse and separated the water under the expanse from the water above it. And it was so. 8 God called the expanse "sky." And there was evening, and there was morning—the second day.
9 And God said, "Let the water under the sky be gathered to one place, and let dry ground appear." And it was so. 10 God called the dry ground "land," and the gathered waters he called "seas." And God saw that it was good.
11 Then God said, "Let the land produce vegetation: seed-bearing plants and trees on the land that bear fruit with seed in it, according to their various kinds." And it was so. 12 The land produced vegetation: plants bearing seed according to their kinds and trees bearing fruit with seed in it according to their kinds. And God saw that it was good. 13 And there was evening, and there was morning—the third day.
14 And God said, "Let there be lights in the expanse of the sky to separate the day from the night, and let them serve as signs to mark seasons and days and years, 15 and let them be lights in the expanse of the sky to give light on the earth." And it was so. 16 God made two great lights—the greater light to govern the day and the lesser light to govern the night. He also made the stars. 17 God set them in the expanse of the sky to give light on the earth, 18 to govern the day and the night, and to separate light from darkness. And God saw that it was good. 19 And there was evening, and there was morning—the fourth day.
20 And God said, "Let the water teem with living creatures, and let birds fly above the earth across the expanse of the sky." 21 So God created the great creatures of the sea and every living and moving thing with which the water teems, according to their kinds, and every winged bird according to its kind. And God saw that it was good. 22 God blessed them and said, "Be fruitful and increase in number and fill the water in the seas, and let the birds increase on the earth." 23 And there was evening, and there was morning—the fifth day.
24 And God said, "Let the land produce living creatures according to their kinds: livestock, creatures that move along the ground, and wild animals, each according to its kind." And it was so. 25 God made the wild animals according to their kinds, the livestock according to their kinds, and all the creatures that move along the ground according to their kinds. And God saw that it was good.
26 Then God said, "Let us make man in our image, in our likeness, and let them rule over the fish of the sea and the birds of the air, over the livestock, over all the earth, and over all the creatures that move along the ground."
27 So God created man in his own image, in the image of God he created him; male and female he created them.
28 God blessed them and said to them, "Be fruitful and increase in number; fill the earth and subdue it. Rule over the fish of the sea and the birds of the air and over every living creature that moves on the ground."
29 Then God said, "I give you every seed-bearing plant on the face of the whole earth and every tree that has fruit with seed in it. They will be yours for food. 30 And to all the beasts of the earth and all the birds of the air and all the creatures that move on the ground—everything that has the breath of life in it—I give every green plant for food." And it was so.
31 God saw all that he had made, and it was very good. And there was evening, and there was morning—the sixth day.